တာချီလိတ်ခရိုင်အတွင်း ၀င်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၄)ဦး၏ အမည်ကြေညာ

တာချီလိတ်ခရိုင်အတွင်း ၀င်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၄)ဦး၏ အမည်ကြေညာ
စက်တင်ဘာ 7, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌် တာချီလိတ်ခရိုင်အတွင်းမှ ပါတီ(၉)ခုအနက် (၈)ခုတို့မှ ပါဝင်ရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများနှင့် ၀င်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ်များကို ယနေ့ ၂၀၁၅ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် အသိပေးစာရွက်များ ကပ်ထားကာ ကြေညာထားရှိသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် နှင့် မိုင်းယောင်းမြို့နယ်တို့မှ နိုင်ငံရေးပါတီများဖြစ်သည့်  တစ်သီးပုဂ္ဂလ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လားဟူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီစသည့် နိုင်ငံရေးပါတီ(၈)ခုမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီစုံ နှင့် တစ်သီးပုဂ္ဂလတို့မှ  စာရင်းပေးသွင်းထားကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အရေအတွက် စုစုပေါင်းမှာ (၆၄)ဦးရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net