တာချီလိတ်မြို့တွင် မြစိမ်းရောင် ကျေးရွာရန်ပုံငွေ လွှဲပြောင်းပေး

တာချီလိတ်မြို့တွင် မြစိမ်းရောင် ကျေးရွာရန်ပုံငွေ လွှဲပြောင်းပေး
စက်တင်ဘာ 11, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မြစိမ်းရောင် အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီက မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှုကော်မတီသို့ မြစိမ်းရောင် ရန်ပုံငွေနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ စက်တင်ဘာ(၁၁)ရက်၊ မွန်းလွဲ ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းမောင် က မြစိမ်းရောင် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားသည်။

ထို့နောက် တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့များရှိ ကာန၊ ရန်းခေါင်၊ လွယ်စတုံ(အောက်)၊ ရန်ကင်း(၁၊၂)၊ နမ့်ကိုင်း ၊ နမ့်ငေါ့ ၊ နမ့်ဆီး(လားဟူ၊အာခါ)၊ နမ့်ဝမ်း(၁၊၂)၊ ၀မ်ယန်း-၀မ်လန်း ၊ပါနွန် - ကျက၊ ၀မ်ပုံ နှင့်ပန်ပဲ(အထက်၊ အောက်)ကျေးရွာများအား မြစိမ်းရောင်ရန်ပုံငွေကျပ်သိန်း(၃၀၀)စီနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ရာ သက်ဆိုင်ရာ မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီများက လက်ခံရယူသည်။

အဆိုပါ မြစိမ်းရောင် ရန်ပုံငွေပေးအပ်ပွဲတွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ(၁)ယူနစ်လျှင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်း(၃၀၀)နှုန်းဖြင့် ကျေးရွာ(၁၂)ယူနစ် အတွက် ငွေကျပ်သိန်း (၃၆၀၀) ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~