အွန်လိုင်းသတင်းမီဒီယာများတွင် ပျံ့နှံ့နေသည့် "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၏ အဖူးမြော် ခံလိုကြောင်း မိုင်းဖုန်းဆရာတော် မိန့်ကြား"ဆိုသည့် သတင်းသည် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများ၏ ပြောဆိုချက် မဟုတ်ဘဲ သာမန်အဖွဲ့ဝင် တစ်ဦး၏ ပြောဆိုချက်ဖြစ်တာကြောင့် အဆိုပါ သတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးကြောင်း နှင့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း တာချီလိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေငြာထားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက် အမှတ် ၁/၂၀၁၅ ဖြင့် အောက်တိုဘာလ(၅)ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။