ျမန္မာႏိုင္ငံတြင္း ႏွစ္စဥ္ ႏိုင္ငံျခားသားမ်ား ခရီးသြားလာမႈျမွင့္တက္ျခင္းေၾကာင့္ Tourism SideEffect ျဖစ္သည့္ ကေလးသူငယ္မ်ားအား လိင္ပိုင္းဆိုင္ရာ လူကုန္ကူးမႈမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး၀န္ႀကီးဌာနမွသိရသည္။
"တစ္ဖက္က ႏိုင္ငံျခားသား ၀င္ေရာက္မႈ မ်ားလာတာနဲ႔အမွ် Tour SideEffect ျဖစ္တဲ့ ကေလးသူငယ္ေတြ အေပၚ လိင္မႈဆိုင္ရာ လူကုန္ကူးမႈေတြလဲ ျဖစ္ေပၚ လာႏိုင္ပါတယ္၊ အဲ့ဒီအတြက္ သက္ဆိုင္ရာ ၀န္ႀကီးဌာနေတြနဲ႔ INGO, NGO ေတြဟာ ပူးေပါင္းၿပီး လူထုကို အသိပညာေပးအပ္ဖို႔ လိုအပ္ပါတယ္.."ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးရည္မြန္မွ ေျပာၾကားသည္။
ျပည္ထဲေရး၀န္ႀကီးဌာန (လူကုန္ကူးမႈတားဆီးကာကြယ္ေရးဗဟိုအဖြဲ႕)၊ ဟိုတယ္ႏွင့္ခရီး သြားလာေရး၀န္ႀကီးဌာနႏွင့္ World Vision(Myanmar)တို႔မွ ပူးေပါင္းက်င္းပေသာ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး အသိပညာအလုပ္ရံုေဆြးေႏြးပြဲအား စက္တင္ဘာ(၁၂)ရက္ေန႔ တာခ်ီလိတ္ၿမိဳ႕၊ ေအာင္ျမတ္ခန္းမတြင္ က်င္းပေသာ အလုပ္ရံုေဆြးေႏြးပြဲ အခမ္းအနားတြင္ ယင္းကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
၂၀၁၂ ခုႏွစ္မွစတင္၍ ျမန္မာႏိုင္ငံတြင္း ကမာၻလွည့္ခရီးသည္ ၀င္ေရာက္မႈမွာ (၁)သန္းေက်ာ္ ပံုမွန္ ၀င္ေရာက္ခဲ့ၿပီး၊ ၂၀၁၃ ခုႏွစ္တြင္ (၂.၀၄)သန္း၊ ၂၀၁၄ ခုႏွစ္တြင္(၃.၀၈)သန္း ၀င္ေရာက္ခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ ၂၀၁၅ ခုႏွစ္တြင္ (၄.၅)သန္းခန္႔ ၀င္ေရာက္မည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။
ခရီးသြားလုပ္ငန္း ျမွင့္တက္လာမႈႏွင့္အတူ ေဘးထြက္ဆိုးက်ိဳးျဖစ္သည့္ လိင္ကိုအေျခခံသည့္ ခရီးသြားလုပ္ငန္းႏွင့္ အတူ လူကုန္ကူးမႈ လုပ္ငန္းစဥ္မ်ားအား တားဆီးကာကြယ္ေရးလုပ္ငန္းစဥ္မ်ား ခ်မွတ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
အလုပ္ရံုေဆြးေႏြးပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းမ်ားမွ ၀န္ထမ္းမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအဖြဲ႕အစည္း၊ ေဒသခံျပည္သူမ်ား တက္ေရာက္ခဲ့ေၾကာင္းသိရသည္။
Zawgyi font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေျပာင္းလဲေပးထားပါသည္။
--------
မြန်မာနိုင်ငံတွင်း နှစ်စဉ် နိုင်ငံခြားသားများ ခရီးသွားလာမှုမြှင့်တက်ခြင်းကြောင့် Tourism SideEffect ဖြစ်သည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုများဖြစ်ပေါ်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။
"တစ်ဖက်က နိုင်ငံခြားသား ဝင်ရောက်မှု များလာတာနဲ့အမျှ Tour SideEffect ဖြစ်တဲ့ ကလေးသူငယ်တွေ အပေါ် လိင်မှုဆိုင်ရာ လူကုန်ကူးမှုတွေလဲ ဖြစ်ပေါ် လာနိုင်ပါတယ်၊ အဲ့ဒီအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ INGO, NGO တွေဟာ ပူးပေါင်းပြီး လူထုကို အသိပညာပေးအပ်ဖို့ လိုအပ်ပါတယ်.."ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်မှ ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန (လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့)၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် World Vision(Myanmar)တို့မှ ပူးပေါင်းကျင်းပသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာအလုပ်ရုံဆွေးနွေးပွဲအား စက်တင်ဘာ(၁၂)ရက်နေ့ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင်း ကမာ္ဘလှည့်ခရီးသည် ဝင်ရောက်မှုမှာ (၁)သန်းကျော် ပုံမှန် ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် (၂.ဝ၄)သန်း၊ ၂၀၁၄ ခုနှစ်တွင်(၃.ဝ၈)သန်း ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် (၄.၅)သန်းခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ခရီးသွားလုပ်ငန်း မြှင့်တက်လာမှုနှင့်အတူ ဘေးထွက်ဆိုးကျိုးဖြစ်သည့် လိင်ကိုအခြေခံသည့် ခရီးသွားလုပ်ငန်းနှင့် အတူ လူကုန်ကူးမှု လုပ်ငန်းစဉ်များအား တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲအား တာချီလိတ်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်း၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။