ယာဉ်/လမ်း စည်းကမ်း လိုက်နာရေး တာချီလိတ်၌ လက်တွေ့ ပညာပေး

ယာဉ်/လမ်း စည်းကမ်း လိုက်နာရေး တာချီလိတ်၌ လက်တွေ့ ပညာပေး
အောက်တိုဘာ 14, 2015
By Tachileik News Agency

ယနေ့ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၁၄)ရက် နံနက်ပိုင်းက တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် ယာဉ်/လမ်း စည်းကမ်းများကို သိရှိ လိုက်နာစေရန်အတွက် လက်တွေ့ အသိပညာပေးကာ ဆောင်ရွက်ကြောင်း သိရသည်။

မော်တော် ကား/ဆိုင်ကယ်များ အနေဖြင့် လမ်းဘေးတွင် ရပ်နားမည်ဆိုပါက လမ်းဘေးချရပ်ရန်နှင့် မျဉ်းနီ၊ မျဉ်းဖြူကြား၊ မျဉ်းဝါကြားများတွင် ရပ်နားခြင်း မပြုရန် ပညာပေးခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ အနေဖြင့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်နှင့် မေးသိုင်းကြိုးများ တပ်ဆင်ကြရန်ကို တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား တစ်ဝိုက်တွင် လက်တွေ့ အသိပညာပေးခြင်း ဖြစ်သည်။

ထိုသို့ အသိပညာပေးရာတွင် တာချီလိတ်မြို့ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကိုကိုနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ အနေဖြင့် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများနှင့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းသော်လည်း မေးသိုင်းကြိုး မတပ်သူများကို အဓိက ထားကာ လက်တွေ့ အသိပညာပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ။  ။ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~