တစ္လင္တစ္မယား စနစ္ျဖင့္ တာခ်ီလိတ္၌ ဒုတိယေျမာက္အေရးယူ၊ က်ဴးလြန္သူ အမ်ဳိးသား ႏွင့္ အမ်ဳိးသမီး ႏွစ္ဦးလံုးကို ဖမ္းဆီးအေရးယူ

တစ္လင္တစ္မယား စနစ္ျဖင့္ တာခ်ီလိတ္၌ ဒုတိယေျမာက္အေရးယူ၊ က်ဴးလြန္သူ အမ်ဳိးသား ႏွင့္ အမ်ဳိးသမီး ႏွစ္ဦးလံုးကို ဖမ္းဆီးအေရးယူ
အောက်တိုဘာ 15, 2015
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ တရား၀င္ ဇနီးမယားကြာရွင္းျခင္း မျပဳေသးဘဲ အျခားတစ္ေယာက္ႏွင့္ ေပါင္းသင္း ေနထိုင္မႈေၾကာင့္ တစ္လင္ တစ္မယားစနစ္ ဥပေဒျဖင့္ တရားလို၏ တိုင္တန္းမႈေၾကာင့္ က်ဴးလြန္းသူ အမ်ဳိးသားႏွင့္အမ်ဳိးသမီး ႏွစ္ဦးစလံုးအား ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ(၁၅)ရက္ေန႔ ညေန(၅)နာရီ (၁၅)မိနစ္အခ်ိန္က ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ေန ေဒၚျဖဴ(အမည္လြဲ)သည္ ၂၀၀၅ခုႏွစ္က ကိုၿဖဳိးစည္စိုး(အမည္လြဲ)ႏွင့္အတူ ႏွစ္ဦးသေဘာတူ လက္ထပ္ေပါင္းသင္းခဲ့ၿပီး သား(၁)ဦး ထြန္းကားခဲ့ေၾကာင္း၊ ခင္ပြန္းျဖစ္သူမွာ ၂၀၁၅ခုႏွစ္တြင္ ၎အျပင္ မ၀င္း(အမည္လြဲ)ဆိုသူႏွင့္ ခ်စ္ႀကိဳက္ၾကၿပီး အတူေပါင္းသင္း ေနထိုင္သည္ကို ၎ႏွင့္အတူ အိမ္နီးခ်င္းမ်ားကလည္း သိရွိေၾကာင္း၊ ယင္းအျပင္ ဌာနတစ္ခု၏ ခရိုင္ဦးစီးမွဴး ေရွ႕ေမွာက္တြင္လည္း ခင္ပြန္းျဖစ္သူႏွင့္ မ၀င္း တို႔သည္ ဆက္လက္ ေပါင္းသင္းေနထိုင္ျခင္း မျပဳေတာ့ေၾကာင္း ၀န္ခံကတိ လက္မွတ္ကို ၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ(၁၂)ရက္ေန႔က ၎တို႔ ေရွ႕ေမွာက္၌ပင္ ေရးထိုးခဲ့ၾကေသာ္လည္း ၎တို႔ႏွစ္ဦးသည္ ၀မ္ေကာင္းရပ္ကြက္ အတြင္းရွိ တိုက္ခန္းငွားတစ္ခု၌ ဆက္လက္ေပါင္းသင္း ေနထိုင္ေနလ်က္ရွိသည့္ အတြက္ တရားလိုျဖစ္သူက ၎တို႔ႏွစ္ဦးအား ဥပေဒအရ အေရးယူေပးပါရန္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းသို႔ လာေရာက္ကာ အမႈဖြင့္တိုင္ၾကားတာျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္း၏ ေျပာျပခ်က္အရ သိရသည္။

ယင္းအမႈႏွင့္ ပတ္သက္၍ အမႈစစ္အျဖစ္ ရဲအုပ္ေအာင္မင္းဦးမွ တာ၀န္ယူ ေဆာင္ရြက္ၿပီး ၎တို႔ႏွစ္ဦးအား ဖမ္းဆီးထားကာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္  (ပ) ၂၂၈/၂၀၁၅၊ တစ္လင္တစ္မယားစနစ္ က်င္းသံုးျခင္း ဆိုင္ရာ ဥပေဒပုဒ္မ ၁၃ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမို႕တြင္ ယခုလို ျဖစ္စဥ္မ်ဳိးသည္ ေအာက္တိုဘာလအတြင္း၌ ႏွစ္မႈဆက္တိုက္ ျဖစ္ပြားရာ ပထမအမႈအား ေအာက္တိုဘာလ (၂)ရက္ေန႔က အမႈဖြင့္ခဲ့ၿပီး၊ ဒုတိယအမႈသည္ ယေန႔ ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ ဖြင့္လွစ္ေသာ အမႈျဖစ္သည္။

"တစ္လင္တစ္မယားစနစ္ ဥပေဒကို တကယ္ လက္ေတြ႕ အေရးယူေနပါတယ္၊ ဒီလို ကိစၥမွာ ၀န္ထမ္းပဲျဖစ္ျဖစ္၊ သာမန္အရပ္သားပဲျဖစ္ျဖစ္ အေရးယူပါတယ္၊ ဒီလို ကိစၥေတြ ျဖစ္လာရင္ေတာ့ ဘယ္သူ႔အတြက္မွ မေကာင္းပါဘူး၊ က်န္ခဲ့တဲ့ သားသမီးေတြရဲ႕ ေရွ႕ေရးကိုလည္း ၾကည့္ၾကဖို႔လိုတဲ့အတြက္ေၾကာင့္ လြယ္လြယ္နဲ႔ မက်ဴးလြန္ဖို႔လိုပါတယ္.."ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းက ေျပာသည္။

တစ္လင္တစ္မယားစနစ္က်င့္သံုးျခင္းဆိုင္ရာ ဥပေဒကို ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔က အတည္ျပဳ ျပဌာန္းခဲ့ေၾကာင္းသိရၿပီး ဥပေဒအရ အေရးယူထားမႈမ်ား ရွိေၾကာင္း ႏွင့္ ယင္းဥပေဒအရ ေထာင္ဒဏ္(၇)ႏွစ္အထိ က်ခံႏိုင္ေၾကာင္း သိရသည္။

********************
Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေျပာင္းလဲ ေဖာ္ျပထားပါသည္။

----

တာချီလိတ်မြို့တွင် တရားဝင် ဇနီးမယားကွာရှင်းခြင်း မပြုသေးဘဲ အခြားတစ်ယောက်နှင့် ပေါင်းသင်း နေထိုင်မှုကြောင့် တစ်လင် တစ်မယားစနစ် ဥပဒဖြေင့် တရားလို၏ တိုင်တန်းမှုကြောင့် ကျူးလွန်းသူ အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးစလုံးအား ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ ညနေ(၅)နာရီ (၁၅)မိနစ်အချိန်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဒေါ်ဖြူ(အမည်လွဲ)သည် ၂၀၀၅ခုနှစ်က ကိုဖြိုးစည်စိုး(အမည်လွဲ)နှင့်အတူ နှစ်ဦးသဘောတူ လက်ထပ်ပေါင်းသင်းခဲ့ပြီး သား(၁)ဦး ထွန်းကားခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ ၂၀၁၅ခုနှစ်တွင်၎င်းအပြင် မဝင်း(အမည်လွဲ)ဆိုသူနှင့် ချစ်ကြိုက်ကြပြီး အတူပေါင်းသင်း နေထိုင်သည်ကို၎င်းနှင့်အတူ အိမ်နီးချင်းများကလည်း သိရှိကြောင်း၊ ယင်းအပြင် ဌာနတစ်ခု၏ ခရိုင်ဦးစီးမှူး ရှေ့မှောက်တွင်လည်း ခင်ပွန်းဖြစ်သူနှင့် မဝင်း တို့သည် ဆက်လက် ပေါင်းသင်းနေထိုင်ခြင်း မပြုတော့ကြောင်း ဝန်ခံကတိ လက်မှတ်ကို ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က၎င်းတို့ ရှေ့မှောက်၌ပင် ရေးထိုးခဲ့ကြသော်လည်း၎င်းတို့နှစ်ဦးသည် ဝမ်ကောင်းရပ်ကွက် အတွင်းရှိ တိုက်ခန်းငှါးတစ်ခု၌ ဆက်လက်ပေါင်းသင်း နေထိုင်နေလျက်ရှိသည့် အတွက် တရားလိုဖြစ်သူက၎င်းတို့နှစ်ဦးအား ဥပဒေအရ အရေးယူပေးပါရန် တာချီလိတ်မြို့မ ရဲစခန်းသို့ လာရောက်ကာ အမှုဖွင့်တိုင်ကြားတာဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း၏ ပြောပြချက်အရ သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ အမှုစစ်အဖြစ် ရဲအုပ်အောင်မင်းဦးမှ တာဝန်ယူ ဆောင်ရွက်ပြီး၎င်းတို့နှစ်ဦးအား ဖမ်းဆီးထားကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၂၈/၂၀၁၅၊ တစ်လင်တစ်မယားစနစ် ကျင်းသုံးခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုလို ဖြစ်စဉ်မျိုးသည် အောက်တိုဘာလအတွင်း၌ နှစ်မှုဆက်တိုက် ဖြစ်ပွားရာ ပထမအမှုအား အောက်တိုဘာလ (၂)ရက်နေ့က အမှုဖွင့်ခဲ့ပြီး၊ ဒုတိယအမှုသည် ယနေ့ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ဖွင့်လှစ်သော အမှုဖြစ်သည်။

"တစ်လင်တစ်မယားစနစ် ဥပဒေကို တကယ် လက်တွေ့ အရေးယူနေပါတယ်၊ ဒီလို ကိစ္စမှာ ဝန်ထမ်းပဲဖြစ်ဖြစ်၊ သာမာန်အရပ်သားပဲဖြစ်ဖြစ် အရေးယူပါတယ်၊ ဒီလို ကိစ္စတွေ ဖြစ်လာရင်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး၊ ကျန်ခဲ့တဲ့ သားသမီးတွေရဲ့ ရှေ့ရေးကိုလည်း ကြည့်ကြဖို့လိုတဲ့အတွက်ကြောင့် လွယ်လွယ်နဲ့ မကျူးလွန်ဖို့လိုပါတယ်.."ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့က အတည်ပြု ပြဌာန်းခဲ့ကြောင်းသိရပြီး ဥပဒေအရ အရေးယူထားမှုများ ရှိကြောင်း နှင့် ယင်းဥပဒေအရ ထောင်ဒဏ်(၇)နှစ်အထိ ကျခံနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~