နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့်ဆန်ကွဲအား ပြည်ပသို့ အကန့်အသတ်မရှိ အောက်တိုဘာ(၁၅)ရက်နေ့မှစတင်၍ တင်သွင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှသိရသည်။
"အစတုန်းက နိုင်ငံအနှံ သဘာဝဘေးအန္တရာယ်ကြုံနေရလို့ ခေတ္တဆိုင်းငံထားတာပါ၊ အခုက ဆန်၊ စပါးထွက်တဲ့ရာသီဖြစ်လို့ အရန်ဆန်လဲ အပြည်အ၀ရှိလို့ ဆန်လုပ်ငန်းရှင်များအသင်းနဲ့ ညိုနှိုင်းပြီး အဆင့်ဆင့် ဖြေလျှော့ခဲ့တာပါ အခုတော့ အကန့်အသတ်မရှိတင်သွင်းခွင့်ရပါပြီ"ဟု တာချီလတ် Mobile Team မှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရုံးတွင် စက်တင်ဘာ(၂၂)ရက်နေ့၌ ပြုလုပ်သည့် ဆန်စပါးကုန်သွယ်မှု မူဝါဆိုင်ရာကိစ္စရပ်များ တွေ့ဆုံညိုနှိုင်းပွဲတွင် နယ်စပ်မှ တင်ပို့ခွင့် ပို့ကုန်လိုင်စင်(၁)စောင်လျှင် အများဆုံး တန်(၅၀၀)သာခွင့်ပြုထားကြောင်းသိရသည်။
ဆန်စပါးနှင့်ပါတ်သက်၍ ပို့ကုန်လိုင်စင်ကန့်သတ်ချက်(၇)ချက် အနက် စက်တင်ဘာ(၂၂)ရက်မှစတင်၍ ကန့်သတ်ချက်(၆)ချက်အား ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း နောက်ဆုံးအချက်ဖြစ်သည့် တင်ပို့မည့် ဆန် ပို့ကုန်လိုင်စင်(၁)စောင်လျှင် တန်(၅၀၀)အား အောက်တိုဘာ(၁၅)ရက်နေ့မှစတင်၍ ဖြေလျှော့ ပျယ်ဖျက်လိုက်ပြီဖြစ်ကြောင်း တာချီလိတ် ကုန်သွယ်ရေးစခန်းမှ မှသိရသည်။
အောက်တိုဘာ(၁၅)ရက်နေ့မှစတင်၍ ဆန်အကန့်အသတ်မဲ့တင်သွင်းခွင့်ပြု
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024