Mobile Team စခန်း(၅)ခု ပိတ်သိမ်းခြင်းမှာ မဟုတ်မမှန်၊ အကြောင်းရင်းမှာ သင်တန်း တက်ရောက်ခြင်းသာဖြစ်၊ သင်တန်းပြီးက ပုံမှန် ပြန်လည်ဖွင့်လှစ်မည်

Mobile Team စခန်း(၅)ခု ပိတ်သိမ်းခြင်းမှာ မဟုတ်မမှန်၊ အကြောင်းရင်းမှာ သင်တန်း တက်ရောက်ခြင်းသာဖြစ်၊ သင်တန်းပြီးက ပုံမှန် ပြန်လည်ဖွင့်လှစ်မည်
အောကျတိုဘာ 16, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်း (၅)ခုအား ပိတ်သိမ်းခြင်းမှာ မဟုတ်မမှန်ကြောင်းနှင့် စားသုံးသူ အကာအကွယ်ပေးရေး သင်တန်းတက်ရောက်ရန် စခန်းခွဲငယ်များမှ ၀န်ထမ်းများအား နေပြည်တော်သို့ စေလွှတ်၍ သင်တန်း တက်ရောက်စေခြင်းသာဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း မှသိရသည်။

"ရှမ်း/ရှေ့မှာ ရှိတဲ့ အဓိကကျတဲ့ တာချီလိတ်က မယ်ယန်းဂိတ်နဲ့ မိုင်းလားလို နေရာ(၂)နေရာက လွဲပြီး အရန် နေရာ (၅)နေရာကို ရုပ်သိမ်းထားပါတယ်၊ FDA ရဲ့ ခွင့်ပြုချက် အထောက်အထား မပါဘဲနဲ့ အများပြည်သူ စားသောက်ရန် မသင့်လျှော်ဘဲ တင်သွင်းလာတဲ့ အစားအသောက်တွေကို စစ်ဆေးဖို့ စားသုံးသူ အကာအကွယ် ပေးရေး သင်တန်းကို နေပြည်တော်မှာ သင်တန်း တက်နေကြတာပါ၊ သင်တန်းပြီးရင် စခန်းခွဲတွေကို ပြန်ဖွင့်မှာပါ..."ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ ပြောပြသည်။


Mobile Team အဖွဲ့စည်းအား ၂၀၁၂ ခုနှစ်၊ (၁၂)လပိုင်းတွင် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် တရားဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်မှ စီးပွားရေးရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်အပေါ် အခြေပြု၍ ပြည်သူ့လွှတ်တော် ဥက္ကဌမှ နိုင်ငံတော်သမ္မတထံ တရားဝင် စာပေးပို့ပြီး တောင်းဆိုခဲ့ခြင်းကြောင့် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

**************
Zawgyi Font ဖြင့် ဖတ်မရသူများအတွက် ယူနီကုတ်ဖြင့် ပြောင်းလဲ ဖော်ပြထားပါသည်။
---

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်း (၅)ခုအား ပိတ်သိမ်းခြင်းမှာ မဟုတ်မမှန်ကြောင်းနှင့် စားသုံးသူ အကာအကွယ်ပေးရေး သင်တန်းတက်ရောက်ရန် စခန်းခွဲငယ်များမှ ဝန်ထမ်းများအား နပြေည်တော်သို့ စေလွှတ်၍ သင်တန်း တက်ရောက်စခြေင်းသာဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း မှသိရသည်။

"ရှမ်း/ရှေ့မှာ ရှိတဲ့ အဓိကကျတဲ့ တာချီလိတ်က မယ်ယန်းဂိတ်နဲ့ မိုင်းလားလို ေနေရာ(၂)ေနရာက လွဲပြီး အရန် နေရာ (၅)နေရာကို ရုပ်သိမ်းထားပါတယ်၊ FDA ရဲ့ ခွင့်ပြုချက် အထောက်အထား မပါဘဲနဲ့ အများပြည်သူ စားသောက်ရန် မသင့်လျှော်ဘဲ တင်သွင်းလာတဲ့ အစားအသောက်တွေကို စစ်ဆေးဖို့ စားသုံးသူ အကာအကွယ် ပေးရေး သင်တန်းကို နပြေည်တော်မှာ သင်တန်း တက်နကြေတာပါ၊ သင်တန်းပြီးရင် စခန်းခွဲတွေကို ပြန်ဖွင့်မှာပါ..."ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ ပြောပြသည်။

မဲဆွယ်လုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ စွမ်းဆောင်မှုဖြင့် Mobile Team အား ဖျက်သိမ်းပေးခဲ့သည်ဟု ဆိုခြင်းမှာ ကောလဟာလများသာ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာစာဖြင့် ခိုင်ခိုင်မာမာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ခြင်းကြောင့် လွယ်ကူစွာ ပယ်ဖျက်ရန် မဖြစ်နိုင်ကြောင်း မိမိတို့ အဖွဲ့အစည်း အနေနှင့် ယင်းအကြောင်းအရာများသည် အခြေအမြစ်မရှိသည့် ကောလဟာလများဖြစ်သည့် အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းမှပြောကြားသည်။

Mobile Team အဖွဲ့စည်းအား ၂၀၁၂ ခုနှစ်၊ (၁၂)လပိုင်းတွင် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် တရားဝင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်မှ စီးပွားရေးရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်အပေါ် အခြပြေု၍ ပြည်သူ့လွှတ်တော် ဥက္ကဌမှ နိုင်ငံတော်သမ္မတထံ တရားဝင် စာပေးပို့ပြီး တောင်းဆိုခဲ့ခြင်းကြောင့် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ ကြော်ငြာ ~~~~~~~~~