နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားမွ ျပည္ပႏိုင္ငံမ်ားသို႔ ဆန္ႏွင့္ဆန္ကြဲမ်ား တင္ပို႔ခြင့္ကို မူလ သတ္မွတ္ထားသည့္ အတိုင္း ျပန္လည္ ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရး စခန္းမွ သိရသည္။
ႏိုင္ငံျခားသို႔ ဆန္တင္ပို႔ခြင့္ တားဆီးခဲ့သည္ႏွင့္ ပတ္သက္၍ " ျမန္မာႏိုင္ငံရဲ႕ အဓိကက်တ့ဲ ျပည္နယ္န႔ဲတိုင္း တစ္ခ်ဳိ႕မွာ ေရႀကီးခဲ့ပါတယ္၊ ဒီလို ေရႀကီးမႈနဲ႔ ဆက္စပ္ၿပီးေတာ့ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ ဒဏ္ေတြ ႀကံဳေတြ႕ရပါတယ္၊ အဲ့ဒီအခါမွာ အဓိက စားသံုးကုန္ျဖစ္တဲ့ ဆန္ေစ်းေတြ မတက္ဖို႔အတြက္ ျမန္မာႏိုင္ငံဆန္စပါးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နဲ႔ အေသးစိတ္ညႇိႏႈိင္းမႈေတြ လုပ္ၿပီး ယာယီ ႏိုင္ငံျခားကို ဆန္တင္ပို႔ခြင့္ တားဆီးလိုက္တာပါ.."ဟု တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးတင္ရဲ၀င္းက ေျပာသည္။
ယခုအခါမွာ မူလအတိုင္း ႏိုင္ငံျခားသို႔ တင္ပို႔ခြင့္ျပဳလိုက္ျခင္းႏွင့္ ပတ္သက္၍ "ျမန္မာႏိုင္ငံ ဆန္စပါးအဖြဲ႔ခ်ဳပ္နဲ႔ ျပန္လည္ အေသးစိတ္ ညႇိႏိႈင္းၿပီးေတာ့ ဆန္စပါး စိုက္ပ်ဳိးတဲ့ ေတာင္သူေတြ ပိုမို အက်ဳိးအျမတ္ရရွိေစဖို႔ ရည္မွန္းၿပီးေတာ့ ေအာက္တိုဘာလ (၂၃)ရက္ေန႔ ေနာက္ပိုင္းကေနစၿပီးေတာ့ ဘာကန္႔သတ္ခ်က္မွ မထားေတာ့ဘဲနဲ႔ မူလအတိုင္းပဲ လြတ္လြတ္လပ္လပ္ ျပန္လည္တင္ပို႔ခြင့္ေပး ျပဳၿပီးထားၿပီး ျဖစ္ပါတယ္.."ဟု ၎မွ ရွင္းျပသည္။
၂၀၁၅ခုႏွစ္ ေအာက္တိုဘာလ တတိယပတ္အခန္႔၌ ဧရာ၀တီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး ႏွင့္ မြန္ျပည္နယ္ စသည့္ ေဒသမ်ားတြင္ မိုးစပါးမ်ား ေပၚထြက္လာေတာ့မည္ ျဖစ္ေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံတြင္ ဆန္စပါး စိုက္ပ်ိဳးေျမဧကမွာ သန္း(၂၀)၀န္းက်င္ရွိၿပီး၊ ျပည္တြင္း စားသံုးမႈသည္ တစ္ႏွစ္လွ်င္ ဆန္တန္ခ်ိန္ (၁၀)သန္းေက်ာ္ရွိေၾကာင္း သိရွိရသည္။
**************
( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေဖာ္ျပထားပါသည္။ )
နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲများ တင်ပို့ခွင့်ကို မူလ သတ်မှတ်ထားသည့် အတိုင်း ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရသည်။
နိုင်ငံခြားသို့ ဆန်တင်ပို့ခွင့် တားဆီးခဲ့သည်နှင့် ပတ်သက်၍ " မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ပြည်နယ်နဲ့တိုင်း တစ်ချို့မှာ ရကြေီးခဲ့ပါတယ်၊ ဒီလို ရကြေီးမှုနဲ့ ဆက်စပ်ပြီးတော့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်တွေ ကြုံတွေ့ရပါတယ်၊ အဲ့ဒီအခါမှာ အဓိက စားသုံးကုန်ဖြစ်တဲ့ ဆန်ဈေးတွေ မတက်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်နဲ့ အသေးစိတ်ညှိနှိုင်းမှုတွေ လုပ်ပြီး ယာယီ နိုင်ငံခြားကို ဆန်တင်ပို့ခွင့် တားဆီးလိုက်တာပါ.."ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောသည်။
ယခုအခါမှာ မူလအတိုင်း နိုင်ငံခြားသို့ တင်ပို့ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ "မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နဲ့ ပြန်လည် အသေးစိတ် ညှိနှိုင်းပြီးတော့ ဆန်စပါး စိုက်ပျိုးတဲ့ တောင်သူတွေ ပိုမို အကျိုးအမြတ်ရရှိစေဖို့ ရည်မှန်းပြီးတော့ အောက်တိုဘာလ (၂၃)ရက်နေ့ နောက်ပိုင်းကနေစပြီးတော့ ဘာကန့်သတ်ချက်မှ မထားတော့ဘဲနဲ့ မူလအတိုင်းပဲ လွတ်လွတ်လပ်လပ် ပြန်လည်တင်ပို့ခွင့်ပေး ပြုပြီးထားပြီး ဖြစ်ပါတယ်.."ဟု၎င်းမှ ရှင်းပြသည်။
၂၀၁၅ခုနှစ် အောက်တိုဘာလ တတိယပတ်အခန့်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မွန်ပြည်နယ် စသည့် ဒေသများတွင် မိုးစပါးများ ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံတွင် ဆန်စပါး စိုက်ပျိုးမြေဧကမှာ သန်း(၂၀)ဝန်းကျင်ရှိပြီး၊ ပြည်တွင်း စားသုံးမှုသည် တစ်နှစ်လျှင် ဆန်တန်ချိန် (၁၀)သန်းကျော်ရှိကြောင်း သိရှိရသည်။