တစ္ပိုင္တစ္ႏိုင္ ကုန္ပစၥည္းမ်ား တင္သြင္းမႈ ျမင့္တက္လာျခင္းေၾကာင့္ တရား၀င္ ကုန္သြယ္မႈ က်ဆင္းလာဟု နကသ ဆို

တစ္ပိုင္တစ္ႏိုင္ ကုန္ပစၥည္းမ်ား တင္သြင္းမႈ ျမင့္တက္လာျခင္းေၾကာင့္ တရား၀င္ ကုန္သြယ္မႈ က်ဆင္းလာဟု နကသ ဆို
အောက်တိုဘာ 19, 2015
By Tachileik News Agency

ထိုင္းႏိုင္ငံမွ တစ္ပိုင္တစ္ႏိုင္ ကုန္ပစၥည္း တင္သြင္းမႈ ျမွင့္တက္လာျခင္းေၾကာင့္ ယခင္ႏွစ္ထက္ ကုန္သြယ္မႈ က်ဆင္းလာေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

"အဓိကေတာ့ နယ္စပ္ေဒသေန ျပည္သူေတြအတြက္ ေပးထားတဲ့ အခြင့္အေရးျဖစ္တဲ့ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ကေန တစ္ပိုင္တစ္ႏိုင္ သယ္လာတဲ့ ကုန္ေတြက ေဒသတြင္း တရားမ၀င္ လမ္းေၾကာင္းက ထြက္သြားလို႔ ကုန္သြယ္မႈ က်ဆင္းသြားတာပါ.."ဟု တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးတင္ရဲ၀င္းမွ ေျပာသည္။

"ဒီဘ႑ာေရးႏွစ္မွာ ပို႔ကုန္ကေတာ့ တိုးတက္လာပါတယ္၊ ဒါေပမယ့္ သြင္းကုန္မွာ က်သြားတာ၊ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး အတြက္ေတာ့ ျပည္တြင္းကို တရား၀င္ တင္သြင္းတဲ့ ကုန္ပစၥည္းေတြကို အမွတ္(၂)ခ်စ္ၾကည္ေရး တံတားက သယ္ရတယ္၊ အခုက တစ္ပိုင္တစ္ႏိုင္နဲ႔ သယ္လာတဲ့ ကုန္ေတြမ်ားလို႔ က်ဆင္းရတာပါ.."ဟု ၎မွဆိုသည္။

ျမန္မာ - ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရး တံတားတြင္ ၃% အခြန္ေကာက္ခံျခင္းႏွင့္ ပတ္သက္၍ "နယ္စပ္မွာေနတဲ့ ျပည္သူလူထု အတြက္ ၃%  ေကာက္ခံမႈသည္ ျပည္နယ္သို႔မဟုတ္ တုိင္းေဒသႀကီး အစိုးရရဲ႕ အစီအစဥ္ပဲ ျဖစ္ပါတယ္၊ လက္ရွိေတာ့ ရွမ္းျပည္နယ္ တစ္ခုတည္းမွာပဲ ဒီ ၃% အခြန္ ေကာက္ခံေနတာကို ေတြ႕ရပါတယ္၊ က်န္တဲ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာ ဒီ ၃%  အခြန္ ေကာက္ခံတာေတြကို မေတြ႕ရပါဘူး.."ဟု ၎မွ ဆက္လက္ေျပာျပသည္။

တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္အတြင္း ျမန္မာ - ထိုင္း ကုန္သြယ္မႈမွာ အေမရိကန္ ေဒၚလာ (၄၂.၈၇၁)သန္းရွိခဲ့ၿပီး၊ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္တြင္ အေမရိကန္ ေဒၚလာ (၃၅.၀၀၇)သန္းရွိခဲ့ျခင္းေၾကာင့္ ဘ႑ာေရးႏွစ္(၂)ခု၏ ကြာျခားခ်က္မွာ အေမရိကန္ေဒၚလာ (၇.၈၆၄)သန္း ရွိေၾကာင္း သိရသည္။

ယခင္ဘ႑ာေရးႏွစ္ အတြင္း ပို႔ကုန္ အေမရိကန္ေဒၚလာ (၃.၁၅၃)ရွိခဲ့ရာ ယခုဘ႑ာေရးႏွစ္အတြင္း အေမရိကန္ေဒၚလာ (၆.၈၁၈)သန္းရွိခဲ့ျခင္းေၾကာင့္ ပို႔ကုန္အေနႏွင့္ တိုးတက္လာေၾကာင္း၊ သြင္းကုန္တြင္ ယခင္က အေမရိကန္ ေဒၚလာ (၃၉.၇၁၈)သန္းရွိခဲ့ရာ ယခုႏွစ္တြင္ (၂၈.၁၈၉)သန္းသာ ရွိျခင္းေၾကာင့္ တရား၀င္ကုန္သြယ္မႈမွ ရရွိသည့္ ႏိုင္ငံဘ႑ာေငြမွာ က်ဆင္းသြားေၾကာင္း တာခ်ီလိတ္ Mobile Team မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁) တံတားတြင္ ၃% အခြန္ေကာက္ခံခြင့္ႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၁၂ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၅)ရက္ေန႔၊ ေန႔လည္(၁)နာရီက ျပည္ေထာင္စု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနရံုးတြင္ အဆိုပါ ျပည္ေထာင္စု၀န္ႀကီး ဦးေဆာင္၍ သက္ဆိုင္ရာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးတို႔မွ အစိုးရအဖြဲ႔မ်ား၊ ဌာနဆိုင္ရာမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြး ဆံုးျဖတ္ကာ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား (၁)မွ ေဒသတြင္း သံုးစြဲရန္ ရွမ္းျပည္နယ္အစိုးရ အဖြဲ႔သို႔ ၃% အခြန္ေပးေဆာင္ တင္သြင္းျခင္းကို ခြင့္ျပဳခ့ဲတာျဖစ္ေၾကာင္း ယင္းအစည္းအေ၀း မွတ္တမ္းရ သိရသည္။

****************

(( Zawgyi font ျဖင့္ ဖတ္မရသူမ်ားအတြက္ ယူနီကုတ္ျဖင့္ ေဖာ္ျပေပးထားပါသည္။ ))
....

ထိုင်းနိုင်ငံမှ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်း တင်သွင်းမှု မြှင့်တက်လာခြင်းကြောင့် ယခင်နှစ်ထက် ကုန်သွယ်မှု ကျဆင်းလာကြောင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

"အဓိကတော့ နယ်စပ်ဒေသနေ ပြည်သူတွေအတွက် ပေးထားတဲ့ အခွင့်အရေးဖြစ်တဲ့ ချစ်ကြည်ရေးတံတား အမှတ်(၁)ကနေ တစ်ပိုင်တစ်နိုင် သယ်လာတဲ့ ကုန်တွေက ဒေသတွင်း တရားမဝင် လမ်းကြောင်းက ထွက်သွားလို့ ကုန်သွယ်မှု ကျဆင်းသွားတာပါ.."ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းမှ ပြောသည်။

"ဒီဘဏ္ဍာရေးနှစ်မှာ ပို့ကုန်ကတော့ တိုးတက်လာပါတယ်၊ ဒါပေမယ့် သွင်းကုန်မှာ ကျသွားတာ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက်တော့ ပြည်တွင်းကို တရားဝင် တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အမှတ်(၂)ချစ်ကြည်ရေး တံတားက သယ်ရတယ်၊ အခုက တစ်ပိုင်တစ်နိုင်နဲ့ သယ်လာတဲ့ ကုန်တွေများလို့ ကျဆင်းရတာပါ.."ဟု၎င်းမှဆိုသည်။

မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတားတွင် ၃% အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ "နယ်စပ်မှာနေတဲ့ ပြည်သူလူထု အတွက် ၃% ကောက်ခံမှုသည် ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီး အစိုးရရဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်၊ လက်ရှိတော့ ရှမ်းပြည်နယ် တစ်ခုတည်းမှာပဲ ဒီ ၃% အခွန် ကောက်ခံနေတာကို တွေ့ရပါတယ်၊ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဒီ ၃% အခွန် ကောက်ခံတာတွေကို မတွေ့ရပါဘူး.."ဟု၎င်းမှ ဆက်လက်ပြောပြသည်။

တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ - ထိုင်း ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ (၄၂.၈၇၁)သန်းရှိခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ (၃၅.ဝဝ၇)သန်းရှိခဲ့ခြင်းကြောင့် ဘဏ္ဍာရေးနှစ်(၂)ခု၏ ကွာခြားချက်မှာ အမေရိကန်ဒေါ်လာ (၇.၈၆၄)သန်း ရှိကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ် အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ (၃.၁၅၃)ရှိခဲ့ရာ ယခုဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ (၆.၈၁၈)သန်းရှိခဲ့ခြင်းကြောင့် ပို့ကုန်အနေနှင့် တိုးတက်လာကြောင်း၊ သွင်းကုန်တွင် ယခင်က အမေရိကန် ဒေါ်လာ (၃၉.၇၁၈)သန်းရှိခဲ့ရာ ယခုနှစ်တွင် (၂၈.၁၈၉)သန်းသာ ရှိခြင်းကြောင့် တရားဝင်ကုန်သွယ်မှုမှ ရရှိသည့် နိုင်ငံဘဏ္ဍာငွေမှာ ကျဆင်းသွားကြောင်း တာချီလိတ် Mobile Team မှ သိရသည်။

တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁) တံတားတွင် ၃% အခွန်ကောက်ခံခွင့်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နေ့လည်(၁)နာရီက ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကာ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား (၁)မှ ဒေသတွင်း သုံးစွဲရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ၃% အခွန်ပေးဆောင် တင်သွင်းခြင်းကို ခွင့်ပြုခဲ့တာဖြစ်ကြောင်း ယင်းအစည်းအေဝး မှတ်တမ်းရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~