အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တာချီလိတ်မြို့မှ တဆင့် မိုင်းဖြတ် နှင့် ကျိုင်းတုံမြို့သို့ ယနေ့ အောက်တိုဘာလ (၂၂)ရက် နံနက်အစောပိုင်းက ထွက်ခွာရာ ကျိုင်းတုံမရောက်မီ မိုင်းဖြတ်မြို့တွင် အချိန်အနည်းငယ် အကြာ လူထုဟောပြောပွဲ ပြုလုပ်သည်။
မိုင်းဖြတ်မြို့တွင် လူထုဟောပြောပြီးနောက် ကျိုင်းတုံမြို့သို့ ဆက်လက်ထွက်ခွာပြီး ကျိုင်းတုံမြို့တွင်လည်း လူထုဟောပြောပွဲ ပြုလုပ်မှာဖြစ်ကြောင်းနှင့် ဟောပြောပွဲ အပြီးတွင် ကျိုင်းတုံမှ တဆင့် ရန်ကုန်မြို့သို့ ထွက်ခွာမှာ ဖြစ်ကြောင်း သိရသည်။