မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တိုင်းရင်းသားပြည်သူများက ယနေ့ အောက်တိုဘာလ (၂၃)ရက် နံနက်(၇)နာရီအချိန်က မိုင်းဖြတ်မြို့ရှိ ဘုရင့်ခန်းမတွင် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းရင်းသား ပြည်သူများက NCA စာချုပ်ပါ သဘောတူညီချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး၊ တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပတ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရေး၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဟု ကြွေးကြော်ကြပြီး အခမ်းအနားအား ပြီးမြောက်စေခဲ့သည်။