တာချီလိတ်မြို့နယ်၏ အမှတ်(၂) မဲဆန္ဒနယ်မှ မဲရုံ (၂၈)ရုံ၏ တည်နေရာများ.

တာချီလိတ်မြို့နယ်၏ အမှတ်(၂) မဲဆန္ဒနယ်မှ မဲရုံ (၂၈)ရုံ၏ တည်နေရာများ.
အောက်တိုဘာ 26, 2015
By Tachileik News Agency

၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၃၀)တိတိရှိပြီး၊ အမှတ်(၂) မဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၈)ရုံရှိရာ စုစုပေါင်းမှာ တာချီလိတ်မြို့နယ်တွင် မဲရုံပေါင်း (၅၈)ရုံရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၏ အမှတ်(၂) မဲဆန္ဒနယ်တွင် ရပ်ကွက်များ အနေဖြင့် တာချီလိတ်မြို့နယ်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဖြစ်ပြီး တာလေမြို့တွင် မြို့ပေါ် (၄)ရပ်ကွက်၊ နားယောင်းအုပ်စု၊ မိုင်းလင်း(ရှေ့)အုပ်စု နှင့် မိုင်းလင်း(နောက်)အုပ်စု၊ ကျိုင်းလပ်မြို့တွင် မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျာခမ်းကျောက်အုပ်စု၊ ရပ်ကွက်(၁) နှင့် ရပ်ကွက်(၂)တို့ ပါဝင်ရာ မဲရုံစုစုပေါင်းမှာ (၂၈)ရုံရှိကြောင်း သိရသည်။


 #TachileikNewsAgency #TachileikOnlineNews www.tachileik.net