Heroes of Newerth အွန်လိုင်းဂိမ်း ပြိုင်ပွဲ တာချီလိတ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်

Heroes of Newerth အွန်လိုင်းဂိမ်း ပြိုင်ပွဲ တာချီလိတ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်
အောက်တိုဘာ 28, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် လူငယ်များအကြား ရေပန်းစားနေပြီး အွန်လိုင်းဂိမ်းဖြစ်သည့် HON ခေါ် Heroes of Newerth ပြိုင်ပွဲအား (၅)ယောက်တစ်စု ပါဝင်နိုင်မည့် အုပ်စုအလိုက် ပြိုင်ပွဲကို တာချီလိတ်၌ ပထမဆုံးအကြိမ်အဖြစ်  1G1 Online Game ဆိုင်တွင် ပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင် အုပ်စု (၁၆)စု သတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ "HON ဂိမ်းကို လူငယ်တော်တော်များများ ဆော့နေကြတာ၊ တစ်ခုပြီး တစ်ခုသာ ပြောင်းသွားတယ်၊ ဂိမ်းဆော့ရခြင်းရဲ့ ရည်ရွယ်ချက်က ပျောက်နေသလိုဖြစ်နေတယ်၊ တာချီလိတ်မှာလည်း ကျွန်တော် ကြည့်နေတာ အခုလို ဂိမ်းမျိုးကို ပြိုင်ပွဲ လုပ်ပေးတဲ့ ဂိမ်းဆိုင်တွေကို မတွေ့သေးဘူး၊ ဒါကြောင့် ဒီ ဂိမ်းကို ဆော့ကြတဲ့ လူငယ်တွေအနေနဲ့ အကျိုးရှိအောင်လို့ ပြိုင်ပွဲ ပြုလုပ်ပေးတာပါ၊ ဆုကြေးကိုလည်း ထိုက်ထိုက် တန်တန်ချီးမြှင့်နိုင်ရန်အတွက်လည်း စီစဉ်ထားပါတယ်.."ဟု  1G1 Online Game  ဆိုင်ပိုင်ရှင် ကိုထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ရှင်းပြသည်။
"ဒီဂိမ်းပြိုင်ပွဲဟာ တစ်ဦးတစ်ယောက်တည်း ပြိုင်လို့မရပါဘူး၊ (၅)ယောက်တစ်စုနဲ့ အုပ်စုအလိုက် ပြိုင်ရတာပါ၊ အုပ်စုဖွဲ့ပြီး ပြိုင်ရမယ်ဆိုတော့ လူငယ်တွေအနေနဲ့ Team Work သဘောတရားကို နားလည်နိုင်မှာ ဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက် ရှင်းပြသည်။
အဆိုပါ ပြိုင်ပွဲတွင် (၅)ယောက်တစ်စုဖြင့် အုပ်စု(၁၆)စုပါဝင်မှာဖြစ်ပြီး အုပ်စု (၁)စုလျှင် ပြိုင်ပွဲ ၀င်ကြေးအဖြစ် (၅၀၀)ဘတ် သတ်မှတ်ထားရှိပြီး ပထမဆုရရှိသူကို ထိုင်းဘတ်ငွေ (၁၀,၀၀၀)ဘတ်၊ ဒုတိယဆု ရရှိသူကို ထိုင်းဘတ်ငွေ (၅,၀၀၀)ဘတ် နှင့် တတိယဆုကို နာရီ(၈၀)စီပါဝင်သည့် မန်ဘာကတ်(၅)ကတ် စုစုပေါင်း နာရီ(၄၀၀)စာကိုလည်း ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း ယခုလို ပြိုင်ပွဲမျိုးကို ၂၀၁၆ခုနှစ်တွင် (၃)လ တစ်ကြိမ်နှုန်းဖြင့် ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးရှိ 1G1 ဆောက်လုပ်ရေးကုမ္ပဏီရုံးရှိ 1G1 Online Game ဆိုင်တွင် စုံစမ်းမေးမြန်းနိုင်မှာဖြစ်ပြီး မြန်မာဖုန်း ( 09263078816 ) နှင့် ထိုင်းဖုန်း ( 0828900054 )သို့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~