အရက္မူးလြန္ကာ ေရကန္ထဲ ျပဳတ္ၾကကာ ေရနစ္ေသဆံုး

အရက္မူးလြန္ကာ ေရကန္ထဲ ျပဳတ္ၾကကာ ေရနစ္ေသဆံုး
အောက်တိုဘာ 31, 2015
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာအုပ္စု တင္ျမင့္ရီ သစ္ကြင္းေဘးရွိ ငါးကန္အတြင္း အမ်ဳိးသားတစ္ဦး အရက္မူးကာ အဆိုပါကန္ထဲသို႔ ေအာက္တိုဘာလ(၂၉)ရက္ေန႔က ျပဳတ္က်ကာ ေရနစ္ေသဆံုးသြားၿပီး ေသဆံုးသူ၏ အေလာင္းအား ေအာက္တိုဘာလ (၃၁)ရက္ နံနက္ပိုင္းတြင္ ကန္အတြင္းမွ ျပန္လည္ေတြ႕ရွိရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ တင္ျမင့္ရီသစ္ကြင္းမွ သန္႔ရွင္းေရး လုပ္သားတစ္ဦးျဖစ္သူ အသက္(၄၂)ႏွစ္ရွိ ဦးအစၥလီ ( ခ ) ဦးယားဖါ (ခ) တာေကာသည္ ေသာက္စားမူးယစ္ကာ ေအာက္တိုဘာလ(၂၉)ရက္ ည(၉)နာရီအခ်ိန္၀န္းက်င္က ငါးကန္ေဘာင္ေပၚ လမ္းေလွ်ာက္ရာ ရုတ္တရက္ျပဳတ္က်သြားခဲ့ၿပီး အေလာင္းအား ေရငုပ္ရွာေဖြရာမွ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္ပိုင္းမွာ ျပန္လည္ေတြ႕ရွိရတာျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"မေန႔က မနက္(၇)နာရီကေန ည(၇)နာရီအခ်ိန္ထိ အသင္းသားေတြနဲ႔ ငါးကန္ထဲ လူေသေလာင္းကို ေရငုပ္ရွာတာ ရွာလို႔မေတြ႕ဘူး၊ ဒီေန႔ နံနက္(၆)နာရီေက်ာ္မွ ကြ်န္ေတာ္တို႔ အဖြဲ႔ေတြ ျပန္သြားၿပီး ေရထဲဆင္းရွာဖို႔ အဆင္းမွာ ကြ်န္ေတာ္တို႔နဲ႔ ေပ(၂၀) ၊(၂၅)ေပေလာက္ အကြာမွာ ပက္လက္အေနအထားနဲ႔ ေပၚလာတာ၊ အဲ့ဒါနဲ႔ပဲ အေလာင္းကို ကြ်န္ေတာ္တို႔ ခက္ရာခဲဆစ္ ဆယ္ယူခဲ့ရပါတယ္၊ ဆယ္ၿပီးတာနဲ႔ တခါတည္းပဲ ၿမိဳ႕မသုႆန္မွာ ကြ်န္ေတာ္တို႔ေတြ သၿဂဳႋဟ္ေပးခဲ့ပါတယ္..."ဟု တာခ်ီလိတ္နာေရးကူညီမႈ အသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာျပသည္။

ေရထဲ၌ (၂)ညတိတိ နစ္ျမႇဳပ္ေနခဲ့ေသာ အဆိုပါ ရုပ္အေလာင္းကို ေရငုပ္ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းႏွင့္အဖြဲ႔မွ အေလာင္းအား ျပင္ပဒဏ္ရာ တစ္စံုတစ္ရာ ရရွိထားျခင္း ရွိ၊ မရွိစစ္ေဆးရာ ျပင္ပဒဏ္ရာ ရရွိထားျခင္း မရွိေၾကာင္း ႏွင့္ ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၁၂/၂၀၁၅ျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု။  ။ တာခ်ီလိတ္နာေရးကူညီမႈအသင္း

**************

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ )

တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု တင်မြင့်ရီ သစ်ကွင်းဘေးရှိ ငါးကန်အတွင်း အမျိုးသားတစ်ဦး အရက်မူးကာ အဆိုပါကန်ထဲသို့ အောက်တိုဘာလ(၂၉)ရက်နေ့က ပြုတ်ကျကာ ရေနစ်သေဆုံးသွားပြီး သေဆုံးသူ၏ အလောင်းအား အောက်တိုဘာလ (၃၁)ရက် နံနက်ပိုင်းတွင် ကန်အတွင်းမှ ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်မှာ တင်မြင့်ရီသစ်ကွင်းမှ သန့်ရှင်းရေး လုပ်သားတစ်ဦးဖြစ်သူ အသက်(၄၂)နှစ်ရှိ ဦးအစ္စလီ ( ခ ) ဦးယားဖာ (ခ) တာကောသည် သောက်စားမူးယစ်ကာ အောက်တိုဘာလ(၂၉)ရက် ည(၉)နာရီအချိန်ဝန်းကျင်က ငါးကန်ဘောင်ပေါ် လမ်းလျှောက်ရာ ရုတ်တရက်ပြုတ်ကျသွားခဲ့ပြီး အလောင်းအား ရေငုပ်ရှာဖွေရာမှ အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းမှာ ပြန်လည်တွေ့ရှိရတာဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"မနေ့က မနက်(၇)နာရီကနေ ည(၇)နာရီအချိန်ထိ အသင်းသားတွေနဲ့ ငါးကန်ထဲ လူသေလောင်းကို ရေငုပ်ရှာတာ ရှာလို့မတွေ့ဘူး၊ ဒီနေ့ နံနက်(၆)နာရီကျော်မှ ကျွန်တော်တို့ အဖွဲ့တွေ ပြန်သွားပြီး ရေထဲဆင်းရှာဖို့ အဆင်းမှာ ကျွန်တော်တို့နဲ့ ပေ(၂၀)၊(၂၅)ပေလောက် အကွာမှာ ပက်လက်အနေအထားနဲ့ ပေါ်လာတာ၊ အဲ့ဒါနဲ့ပဲ အလောင်းကို ကျွန်တော်တို့ ခက်ရာခဲဆစ် ဆယ်ယူခဲ့ရပါတယ်၊ ဆယ်ပြီးတာနဲ့ တခါတည်းပဲ မြို့မသုဿန်မှာ ကျွန်တော်တို့တွေ သင်္ဂြိုဟ်ပေးခဲ့ပါတယ်..."ဟု တာချီလိတ်နာရေးကူညီမှု အသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ရေထဲ၌ (၂)ညတိတိ နစ်မြှုပ်နေခဲ့သော အဆိုပါ ရုပ်အလောင်းကို ရေငုပ်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တာချီလိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်သန်းနှင့်အဖွဲ့မှ အလောင်းအား ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ ရရှိထားခြင်း ရှိ၊ မရှိစစ်ဆေးရာ ပြင်ပဒဏ်ရာ ရရှိထားခြင်း မရှိကြောင်း နှင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၅ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ။ တာချီလိတ်နာရေးကူညီမှုအသင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~