တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်ရှိ အိမ်အမှတ် (၁၄/၉၉)တွင် နေထိုင်သူ အသက် (၁၆)နှစ်ရှိ မောင်အောင်ကျော်ထွန်းသည် သီတင်းကျွတ်လပြည့်ညဖြစ်သည့် အောက်တိုဘာလ(၂၈)ရက်နေ့ ညနေ(၃)နာရီတွင် နေအိမ်မှ တာချီလိတ်ရွှေတိဂုံဘုရားသို့ ထွက်ခွာသွားပြီးနောက် ယနေ့အချိန်ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် ၎င်း၏ မိသားစုများမှ စိတ်ပူနေကြသည့် အတွက် တာချီလိတ်သတင်းအေဂျင်စီမှ လူပျောက်သတင်းအဖြစ် ဖော်ပြလိုက်ပါသည်။
"လပြည့်နေ့ ညနေ(၃)နာရီကတည်းက ရွှေတိဂုံဘုရားသွားမယ်ဆိုပြီး ထွက်သွားတာ၊ အခုထက်ထိ အိမ်ပြန်မလာလို့ ရဲစခန်းမှာလည်း လူပျောက်အဖြစ် တိုင်တန်းထားပါတယ်..."ဟု ၎င်း၏ အုပ်ထိန်းသူမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
အောက်တိုဘာလ(၂၈)ရက်နေ့က ပျောက်နေသော မောင်အောင်ကျော်ထွန်းသည် ဦးနှောက်ဥာဏ်ရည်မမှီသူဖြစ်ကြောင်း နှင့် ယနေ့ နိုဝင်ဘာလ (၁)ရက်နေ့အထိ နေအိမ်သို့ ပြန်လည်၍ ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် မိသားစုများက အပူတပြင်း လိုက်လံရှာဖွေနေလျက်ရှိကြောင်း သိရှိရသည်။