ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိုင်းဖြတ်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အမှတ်(၁)နှင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိုင်းဖြတ်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အမှတ်(၁)နှင့်
နိုဝင်ဘာ 3, 2015
By Tachileik News Agency

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိုင်းဖြတ်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)အား အောက်တိုဘာ(၇)ရက်နေ့တွင် ပြောင်းလဲသတ်မှတ်ခြင်းအပေါ် ဒေသတွင်းနိုင်ငံရေးပါတီနှင့် မြို့နယ်ရွေးကောက်ပွဲကောက်ပွဲကော်မရှင်၏ တောင်းဆိုချက်ကြောင့် ဖြစ်ကြောင်းသိရသည်။

"၂၀၁၀ ရွေးကောက်ပွဲတုန်းက မိုင်းဖြတ်မြို့ရဲ့ ဗိုလ်ချုပ်လမ်းမကြီး တစ်ဖက်စီကို မဲဆန္ဒနယ်အမှတ်(၁)နဲ့ (၂)လို့ ခွဲခြားထားတာ အဲ့တုန်းကပြဿနာမရှိဘူး အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ထွက်လာတဲ့ မဲဆန္ဒရှင်စာရင်းအရ လူမျိုး၊ အလိုက်၊ အုပ်စုအလိုက်ဖြစ်နေတော့ သိပ်မျှတမှုမရှိဘူး ဒါ့ကြောင့် ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ နိုင်ငံရေးပါတီတွေက တင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြင်ဖို့တောင်းဆိုခဲ့တာပါ"ဟု မိုင်းဖြတ်မြို့နယ် USDP ပါတီမှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်အရွေးခံသော ကိုယ်စားလှယ်လောင်း ဦးဇော်လင်းထွန်းမှပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် မိုင်းဖြတ်မြို့နယ်အတွင်း မဲဆန္ဒနယ်အတွင်းရှိ အမှတ်(၁)နှင့်အမှတ်(၂) မဲဆန္ဒရှင်ကွာခြားချက်မှာ (၁.၁၆%)နှုန်းရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် (၇.၀၄%)အထိ ကွာခြားမှုရှိခဲ့ကြောင်း ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာလ(၇)ရက်နေ့ မဲဆန္ဒနယ်ပြင်ဆင်ချက်အရ (၂%)သာကွာခြားမှုရှိတော့ကြောင်း ၎င်းမှပြောကြားခဲ့သည်။

"အခု ၂၀၁၅နှစ်အစတုန်းက ရွေးကောက်ပွဲ မဲဆန္ဒနယ်စာရင်တာ ကွားခြားမှုရှိပါတယ် တကယ်က အခု နောက်ဆုံးပြင်လိုက်တဲ့ မဲဆန္ဒနယ်က ၂၀၁၀ ရွေးကောက်ပွဲတုန်း မဲဆန္ဒနယ်စာရင်းပါဘဲ သိပ်ပြောင်းလဲတာ မဟုတ်ပါဘူး၊ ဒါကြောင့် ကိုယ်စားလှယ်တွေ မဲဆွယ်တဲ့နေရာမှာလဲ သိပ်မရှုပ်ပါဘူး၊ အခက်အခဲရှိတယ်လို့လဲ ကျွန်တော်တို့ကို မတင်ပြလာပါဘူး"ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထွန်းမြင့်မှပြောသည်။

မိုင်းဖြတ်မြို့နယ်အတွင်း မဲရုံပေါင်း(၄၂)ရုံရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် (၉၅၃၆)ဦး ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် (၉၉၇၄)ဦးရှိပြီး မဲဆန္ဒပေးနိုင်သူ စုစုပေါင်း ဦးရေ(၁၉၅၁၀)ဦးရှိကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net