ရေကာတာ ပြန်လည်ပြုပြင်ရန် ရှိသည့်အတွက် တာချီလိတ်၌ ရေပေးဝေမှု (၇)ရက် ခေတ္တဖြတ်တောက်မည်

ရေကာတာ ပြန်လည်ပြုပြင်ရန် ရှိသည့်အတွက် တာချီလိတ်၌ ရေပေးဝေမှု (၇)ရက် ခေတ္တဖြတ်တောက်မည်
နိုဝင်ဘာ 10, 2015
By Tachileik News Agency

မြို့နယ်စည်ပင်သာယာရေးဌာနမှ  ရေပေးဝေရေးနှင့် ပတ်သက်၍ ရေကာတာအတွင်း သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တာချီလိတ်မြို့တွင်း ရေပေးဝေမှုကို (၇)ရက် ခေတ္တ ဖြတ်တောက်ထားမှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေကာတာအတွင်း နှုံးများ ဆယ်ယူခြင်း နှင့် ရေစစ်ကန် အတွင်း သဲကျောက်များ လဲလှယ်ခြင်း လုပ်ငန်းများကို ပြန်လည် ပြုပြင်ခြင်းအဖြစ် ဆောင်ရွက်ရမှာဖြစ်သည့် အတွက် (၁၀.၁၁.၂၀၁၅) မှ (၁၆.၁၁.၂၀၁၅)ရက်နေ့အထိ (၇)ရက်တိတိ ရေပေးဝေခြင်း လုပ်ငန်းအား ခေတ္တဖြတ်တောက်သွားမှာဖြစ်ပြီး ပြုပြင်ခြင်း လုပ်ငန်းများ ပြီးမြောက်ပါက အမြန်ဆုံး ပြန်လည် ပေးဝေသွားမှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ကြော်ငြာ ~~~~~~~