ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ပညာဒါနအဖြစ် လူဦးရေ ကန့်သတ်ချက်ဖြင့် သင်တန်းသားများ လက်ခံနေပြီ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ပညာဒါနအဖြစ် လူဦးရေ ကန့်သတ်ချက်ဖြင့် သင်တန်းသားများ လက်ခံနေပြီ
နိုဝင်ဘာ 16, 2015
By Tachileik News Agency

(၁၀)တန်း မအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ အသက်(၁၆)နှစ်မှ အသက်(၂၀)နှစ်ရှိ လူငယ်များအား ပညာဒါနအဖြစ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း တိုင်းရင်းသား လူငယ်ဖောင်ဒေးရှင်းမှ အခမဲ့ သင်ကြားပေးနိုင်ရန်အတွက် လူဦးရေ အကန့်အသတ်ဖြင့် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းကို တာချီလိတ်မြို့ ပါလျှံ တရုတ်ဘုံကျောင်းရှေ့တွင် ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

ပညာဒါနအဖြစ် သင်ကြားပေးမည့် ညနေပိုင်း သင်တန်းများမှာ ကွန်ပျူတာ၊ အင်္ဂလိပ်၊ ထိုင်း၊ တရုတ် တို့ဖြစ်ပြီး အဆောင်နေ (၄)လပြတ် သင်တန်းအဖြစ် အကြိုဧည့်ဝတ်ကျေပွန်မှုသင်တန်း၊ လုပ်ငန်းအတွေ့အကြုံ၊ ဖောက်သည်ဝန်ဆောင်မှု၊ အသက်မွေးဝမ်းကျောင်း၊ သန့်ရှင်းမှု နှင့် တစ်ကိုယ်ရေဖွံ့ဖြိုးမှု စသည့် သင်တန်းများကို ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

"ပညာဒါနအဖြစ် သင်ကြားပေးသွားမှာပါ၊ လူဦးရေ ကန့်သတ်ထားပါတယ်၊ သင်တန်းမှာ တက်ရောက်လိုသူများကို နိုဝင်ဘာလ(၂၉)ရက်နေ့ နေ့လည်(၁)နာရီကနေ ညနေ(၄)နာရီအချိန်ထိ လူတွေ့ စစ်ဆေးမှု ပြုလုပ်သွားမှာပါ၊ စိတ်ဝင်စားသူများ အနေနဲ့ နိုဝင်ဘာလ(၂၉)ရက်နေ့မှာ လာရောက်ပြီး စာရင်းပေးနိုင်ပါတယ်.."ဟု အဆိုပါ သင်တန်းမှ သင်ကြားရေးဆရာ ဦးလှမင်းဖေ က ပြောသည်။

သင်တန်းတက်ရောက် လိုသူများအနေဖြင့် နိုဝင်ဘာလ(၂၉)ရက်နေ့ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီအချိန်ထိ တာချီလိတ်မြို့ ပါလျှံ တရုတ်ဘုံကျောင်းရှေ့တွင် လူတွေ့ စစ်ဆေးမှာဖြစ်ကြောင်းနှင့် လူဦးရေ ကန့်သတ်ထားကြောင်း သိရသည်။

သင်တန်းကိစ္စများနှင့် ပတ်သက်၍ အချက်အလက်များအား ပိုမိုသိရှိလိုပါက မြန်မာဖုန်း( 09450480077 ) နှင့် ထိုင်းဖုန်း( 0808432855 ) စသည့်  ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~