ကမ္ဘာ့ အိမ်သာများ နေ့

ကမ္ဘာ့ အိမ်သာများ နေ့
နိုဝင်ဘာ 19, 2015
By Tachileik News Agency

ဒီနေ့ ကျရောက်တဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့ဟာ ကမ္ဘာ့အိမ်သာများနေ့ဖြစ်ပြီး မိလ္လာဆိုးစနစ်နဲ့ အိမ်သာရဲ့ အသုံးဝင်မှု လုံခြုံမှုကို လူတိုင်း သိရှိနားလည်နိုင်စေရန် အတွက် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေ (၇)ဘီလီယံ အတွင်းမှာ (၂.၅)ဘီလီယံဟာ အိမ်သာရဲ့ မိလ္လာဆိုးစနစ်ကြောင့် ဒုက္ခခံစားနေရပြီး (၁)ဘီလီယံဟာ အိမ်သာကို အသုံးပြုခြင်း မရှိသေးပါဘူး။

 လူတိုင်းလုံခြုံတဲ့ အိမ်သာနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းပါးဆုံး အိမ်သာများကို လူတိုင်း အသုံးပြုနိုင်စေရန် လှုံ့ဆော်တဲ့ အနေနဲ့ စင်ကာပူနိုင်ငံသား မစ္စတာ ဂျက်စင်(မ်)က ၂၀၀၁ နိုဝင်ဘာလ (၁၉) ရက်နေ့ မှာ ကမ္ဘာ့အိမ်သာများ အဖွဲ့အစည်းကို တည်ထောင်လိုက်ပြီးနောက်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးက ကမ္ဘာ့အိမ်သာများနေ့အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
( ကမ္ဘာ့အိမ်သာအဖွဲ့အစည်းကို စတင်အကောင်အထည်ဖော်သူ )

၂၀၀၁ ခုနှစ်ကတည်းက ကမ္ဘာ့ အိမ်သာများနေ့ကို သက်ဝင်လှုပ်ရှားလာတာဟာ ယခုနှစ် ၂၀၁၅ခုနှစ်မှာဆိုရင် (၁၄)နှစ် တိတိရှိပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ(၁၉)ရက်နေ့ မတိုင်မီ ရက်များမှာ စင်ကာပူနိုင်ငံအပါအ၀င် အနောက်နိုင်ငံ တော်တော်များများမှာ  အပြေးပြိုင်ပွဲများနဲ့ လူထုလှုပ်ရှားမှုများကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Ref;
wikipedia
kwinoja
worldtoilet

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~