အသိပေးရှင်းလင်းချက်။

အသိပေးရှင်းလင်းချက်။
နိုဝင်ဘာ 20, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ မယ်ဆိုင်မြို့တွင်း၌ နယ်စပ်တံတားကူး စာအုပ်ဖြင့် လာရောက်၍ တစ်နိုင် တစ်ပိုင် ဈေးရောင်းချနေကြသော မြန်မာနိုင်ငံသားများအား မယ်ဆိုင်မြို့၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှောင်တစ်ခင် စစ်ဆေး၊ ဖမ်းဆီး၊ အရေးယူမှုများတွင်၊ တံတားကူးစာအုပ်ဖြင့် ဈေးရောင်းချခြင်းသည် အဓိကအကြောင်း အရာမဟုတ်ပဲ မယ်ဆိုင်မြို့ စည်ပင်သာယာမှ တားမြစ်ထားသော နေရာများတွင် ကျူးကျော် ရပ်တန့်ရောင်းချခြင်း၊ တားဆီး ကန့်သတ်ပစ္စည်းများကို သိုလှောင်၊ ရောင်းချခြင်းနှင့် ဖမ်းဆီးအရေးယူစဉ်တွင် မယ်ဆိုင်မြို့တွင်း တရားဝင်နေထိုင်၊ သွားရောက်၊ လည်ပတ်ခွင့်ရှိသည့် အထောက်အထား၊ စာရွက်စာတမ်း၊ တံတားဖြတ်သန်းခွင့်လက်မှတ် တစ်စုံတစ်ရာကို တာဝန်ရှိသူများအား
မပြသနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ထိုင်း/မြန်မာ နယ်ခြားတာဝန်ရှိသူတို့၏ သတင်းစကားအရ သိရှိရပါသည်၊

ထို့ကြောင့် မယ်ဆိုင်မြို့အတွင်း၌ တစ်နိုင်တစ်ပိုင် ဈေးရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုလုပ်ကြလျှက်ရှိသော မြန်မာနိုင်ငံသားများအနေနှင့်
"ညောင်မြစ်တူး ပုတ်သင်ဥပေါ်" ဆိုသည့်အတိုင်းမဖြစ်ရလေအောင် မယ်ဆိုင်မြို့အတွင်း ဈေးရောင်းချကြရာ၌ သက်ဆိုင်ရာ စည်ပင်၊ လဝက၊ ယစ်မျိုးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့၏ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း
တို့ကို လေ့လာ၊ မှတ်သား၊ လိုက်နာကြ၍၎င်းတို့နယ်မြေ၌ ၎င်းတို့၏ ဥပဒေအတိုင်းလိုက်နာကျင့်သုံး နေထိုင်နိုင်ကြပါရန် အသိပေးနှိုးဆော် ရှင်းလင်းတင်ပြအပ်ပါသည်။

ဦးထွန်း-မယ်ဆိုင်/

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net