လူငယ်နှင့်စိတ်ဓါတ် မြှင့်တင်ရေးဆိုင်ရာ လူမှုဘ၀အတွေ့အကြုံ သင်တန်းများ တာချီလိတ်၌ အခမဲ့ ပို့ချမည်

လူငယ်နှင့်စိတ်ဓါတ် မြှင့်တင်ရေးဆိုင်ရာ လူမှုဘ၀အတွေ့အကြုံ သင်တန်းများ တာချီလိတ်၌ အခမဲ့ ပို့ချမည်
နိုဝင်ဘာ 24, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ တိုင်းရင်းသားလူငယ်ဖောင်ဒေးရှင်း ( Ethnic Youth Foundation ) နှင့် တာချီလိတ်ပညာရေးဖောင်ဒေးရှင်း ( Tachileik Education Foundation )တို့ ပူးပေါင်းကာ ပညာဒါနအဖြစ် လူငယ်နှင့်စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ အခမဲ့ သင်တန်းကို ဒီဇင်ဘာလ (၅)ရက်နေ့မှ စ၍ တစ်ပတ်လျှင် (၂)ရက်နှုန်းဖြင့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ သာရေးနာရေး ဓမ္မာရုံတွင် သင်ကြားပေးနိုင်ရန် အတွက် လူဦးရေ ကန့်သတ်ချက်ဖြင့် လျှောက်လွှာများကို နိုဝင်ဘာလ (၂၈)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ သိရသည်။

"ဒီသင်တန်းမှာက အဓိက ကတော့ တာချီလိတ်က ဆယ်တန်းမအောင်သေးတဲ့ ကလေးတွေကို စိတ်ဓါတ် မြှင့်တင်ရေးဆိုင်ရာတွေ၊ လူနေမှုဘ၀အကြောင်းအရာတွေကို ပို့ချပေးသွားမှာဖြစ်ပါတယ်၊ သင်ကြားချိန်က (၂)နာရီဝန်းကျင်ပဲ ကြာတာမို့ လာရောက် လေ့လာသင်ယူသင့်ပါတယ်၊ သင်တန်းကို အခမဲ့ ပို့ချပေးသွားမှာပါ..."ဟု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ ဒေါ်စိုးဥမ္မာက ပြောပြသည်။

"ဒီဇင်ဘာလ (၅)ရက်နေ့က စပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ နံနက်(၉)နာရီမှ (၁၁)နာရီအချိန်ထိ အခမဲ့ သင်ကြားပေးနိုင်ဖို့ အတွက် သင်ယူလိုတဲ့ သင်တန်းသား၊ သင်တန်းသူများကို နိုဝင်ဘာလ (၂၈)ရက်နေ့မှာ ၀မ်ကောင်းသာရေးနာရေးဓမ္မာရုံမှာ လူတွေ့စစ်ဆေးဖို့ရှိပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောပြသည်။

အဆိုပါ ဖောင်ဒေးရှင်း နှစ်ခုမှ ပူးပေါင်းကာ အသက်(၁၆)နှစ်မှ အသက်(၂၀)နှစ်အကြား တက္ကသိုလ်ဝင်တန်း မအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို အဓိကထား သင်ကြားပေးရန်အတွက်ဖြစ်ပြီး သင်တန်းတက်ရောက်သူတိုင်း ပျော်ရွှင်ကာ ဘ၀တွင် လိုအပ်သော အခြေခံပိုင်းဆိုင်ရာ လူမှုရေးပညာများ ရရှိပြီး လုံခြုံစိတ်ချရသော ဘ၀၊ ကျန်းမာရေး နှင့် လွတ်လပ်ပျော်ရွှင်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော ဘ၀အစိတ်အပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း အကြောင်းအရာများကို သင်ကြားပေးသွားမှာ ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အခမဲ့ လာရောက် သင်ယူနိုင်ရန်အတွက် စာရင်းကြိုတင်ပေးရမှာဖြစ်ကြောင်း တာချီလိတ်ဖောင်ဒေးရှင်းမှ သိရသည်။

စိတ်ပါဝင်စားသော သင်တန်းသားများ အနေဖြင့် စာရင်းပေးသွင်းမည်ဆိုပါက နိုဝင်ဘာလ (၂၈)ရက်နေ့၊ နံနက်(၁၀)နာရီမှ နေ့လည် (၁)နာရီအချိန်ထိ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်ရှိ ၀မ်ကောင်းသာရေးနာရေးဓမ္မာရုံတွင် လာရောက်ကာ လူတွေ့ လျှောက်ထားနိုင်မှာဖြစ်ပြီး သင်တန်းအား ဒီဇင်ဘာလ(၅)ရက် စနေနေ့တွင် စတင်ပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့် ပတ်သက်၍ စုံစမ်းနိုင်ရန်
ဒေါ်စိုးဥမ္မာ
ထိုင်းဖုန်း ။  ။ 08-27581300
ဦးဆန်းဝင်း
ထိုင်းဖုန်း ။  ။ 08-77274797
ဦးသီလကျော်ဆင့်
ထိုင်းဖုန်း ။  ။ 08-73360026

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~