တာခ်ီလိတ္ၿမိဳ႕တြင္ အသားငါးေစ်းႏႈန္းထက္ ၾကက္သြန္နီ (၁)ကီလိုလွ်င္ ထိုင္းေငြ (၆၀)ဘတ္မွ (၈၀)ဘတ္အထိ ေစ်းႏႈန္းမ်ားမွာ အဆမတန္ ျမင့္တက္လာမႈေၾကာင့္ အိမ္ရွင္မမ်ားအဖို႔ အံ့အားသင့္ေစသည္။
"အရင္တုန္းက ၾကက္သြန္နီ (၁)ကီလိုကို ဘတ္(၂၀)ပဲရွိတယ္၊ အဲ့ဒီတုန္းက (၁)ကီလို ၀ယ္ႏိုင္တယ္၊ အခု (၁)ကီလို (၈၀)ဘတ္အထိ ရွိလာေတာ့ ေစ်းသံုးရင္ ကီလို၀က္ပဲ ၀ယ္ျဖစ္ေတာ့မယ္၊ ေစ်းႏႈန္းက အဆမတန္ျမင့္လာေတာ့ ေစ်းဖိုးကို ခ်င့္ခ်ိန္ရေတာ့တာေပါ့..."ဟု အိမ္ရွင္မ တစ္ဦးျဖစ္သူ ေဒၚအုန္းရီက ေျပာသည္။
"ၾကက္သြန္နီ ေစ်းတက္ေနတာက တာခ်ီလိတ္ တစ္ၿမိဳ႕တည္း မဟုတ္ဘူး၊ ျပည္မမွာေရာ တက္ေနတာ၊ အေၾကာင္းရင္း ကေတာ့ မသိရေပမဲ့၊ ၾကက္သြန္စိုက္တဲ့ေနရာေတြမွာ ေရႀကီးေရလွ်ံ ျဖစ္သြားတာေတြေၾကာင့္ရယ္၊ ျပည္ပကို ပို႔လိုက္တာေၾကာင့္ရယ္လို႔ မွတ္ယူလို႔ရႏိုင္တယ္၊ အခုက ျမန္မာႏိုင္ငံမွာ လက္က်န္ ၾကက္သြန္နီကို မရွိေတာ့တာ.."ဟု ၀မ္ေကာင္း ၿမိဳ႕မေစ်းရွိ ၿဖဳိးကုန္စံုဆိုင္မွ ဦးေဇာ္ျမင့္က ေျပာသည္။
ၿပီးခဲ့သည့္ႏွစ္မ်ားက ျပည္မ၌ ၾကက္သြန္နီမ်ား စိုက္ပ်ဳိးေသာ္လည္း ေစ်းကြက္မရွိ၍ အရႈံးေပၚေစခဲ့သည့္ အတြက္ ေတာင္သူမ်ားမွာ ေရာင္းရသည့္ စရိတ္ႏွင့္ ကုန္က်သည့္ စရိတ္တို႔ မကိုက္ညီမႈမ်ားေၾကာင့္ အားျပဳ စိုက္ပ်ဳိးမႈ ေလ်ာ့နည္းခဲ့ျခင္း အျပင္၊ ၂၀၁၅ခုႏွစ္အတြင္း ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ပ်က္စီးခဲ့ရၿပီး၊ လက္က်န္ၾကက္သြန္နီမ်ားမွာ ၂၀၁၅ခု ေနာက္ဆံုးလအစမွာ ကုန္လုနီးပါျဖစ္ေစခဲ့တာ ျဖစ္ေၾကာင္း သိရသည္။
"အခု ေစ်းထဲမွာေတာ့ တစ္ဦးနဲ႔တစ္ဦး မတူညီၾကဘူးေပါ့၊ (၁)ကီလိုကုိ (၈၀) (၈၅)ဘတ္နဲ႔ ေရာင္းေနတယ္၊ လြန္ခဲ့တဲ့ တစ္လေလာက္ကေတာ့ (၁)ကီလိုကို (၄၀)ကေန (၆၀)ဘတ္အထိ ျဖစ္ခဲ့တယ္၊ အခု (၁)ကီလိုကို (၈၀)ဘတ္အထိ ျဖစ္လာတာကေတာ့ တစ္ပတ္ေလာက္ပဲ ရွိေသးတယ္၊ (၁)လပိုင္းေလာက္ဆိုရင္ ၾကက္သြန္နီအသစ္ေတြ ထြက္ေတာ့မယ္ဆိုေတာ့ ေစ်းျပန္က်သြားႏိုင္ပါတယ္.."ဟု ဦးေဇာ္ျမင့္က ေျပာျပသည္။
"ကြ်န္ေတာ္တို႔ လက္လီျပန္ေရာင္းတဲ့ ေစ်းသည္ေတြ အေနနဲ႔ေတာ့ အဆင္မေျပဘူးေပါ့၊ ၾကက္သြန္နီ အလံုးႀကီးလည္းႀကီးမယ္၊ လွလည္းလွမယ္ဆိုရင္ (၁)ကီလိုကို (၈၀)ဘတ္အထိရတယ္၊ အလံုးေသးၿပီး သိပ္မသန္႔တာမ်ဳိးဆိုရင္ေတာ့ (၁)ကီလိုကို ဘတ္(၆၀)ေလာက္အထိရွိပါတယ္.."ဟု ၿမိဳ႕မေစ်းမွ ကုန္ေျခာက္သည္ ကိုႏိုင္က ေျပာသည္။
ျပည္မ၌ ၾကက္သြန္နီ ေစ်းႏႈန္းမွာ ႏို၀င္ဘာလအတြင္းမွ ဒီဇင္ဘာလအစထိ အျပင္ေရာင္းေစ်း (၁)ပိႆာလွ်င္ (၄၀၀၀)က်ပ္အထိ ရွိခဲ့ေၾကာင္း ႏွင့္ ဇန္န၀ါရီလအတြင္း၌ ၾကက္သြန္နီမ်ား အသစ္ထပ္မံ ထြက္ရွိမွာျဖစ္တာေၾကာင့္ ေစ်းႏႈန္းမ်ား ျပန္လည္က်သြားႏိုင္ေျခရွိေၾကာင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမို႕သို႔ ၾကက္သြန္နီ တင္ပို႔သည့္ ကုန္သည္မ်ားထံမွ သိရသည္။
( Unicode )
တာချီလိတ်မြို့တွင် အသားငါးဈေးနှုန်းထက် ကြက်သွန်နီ (၁)ကီလိုလျှင် ထိုင်းငွေ (၆၀)ဘတ်မှ (၈၀)ဘတ်အထိ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာမှုကြောင့် အိမ်ရှင်မများအဖို့ အံ့အားသင့်စေသည်။
"အရင်တုန်းက ကြက်သွန်နီ (၁)ကီလိုကို ဘတ်(၂၀)ပဲရှိတယ်၊ အဲ့ဒီတုန်းက (၁)ကီလို ဝယ်နိုင်တယ်၊ အခု (၁)ကီလို (၈၀)ဘတ်အထိ ရှိလာတော့ ဈေးသုံးရင် ကီလိုဝက်ပဲ ဝယ်ဖြစ်တော့မယ်၊ ဈေးနှုန်းက အဆမတန်မြင့်လာတော့ ဈေးဖိုးကို ချင့်ချိန်ရတော့တာပေါ့..."ဟု အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်အုန်းရီက ပြောသည်။
"ကြက်သွန်နီ ဈေးတက်နေတာက တာချီလိတ် တစ်မြို့တည်း မဟုတ်ဘူး၊ ပြည်မမှာရော တက်နေတာ၊ အကြောင်းရင်း ကတော့ မသိရပေမဲ့၊ ကြက်သွန်စိုက်တဲ့နေရာတွေမှာ ရကြေီးရေလျှံ ဖြစ်သွားတာတွေကြောင့်ရယ်၊ ပြည်ပကို ပို့လိုက်တာကြောင့်ရယ်လို့ မှတ်ယူလို့ရနိုင်တယ်၊ အခုက မြန်မာနိုင်ငံမှာ လက်ကျန် ကြက်သွန်နီကို မရှိတော့တာ.."ဟု ဝမ်ကောင်း မြို့မဈေးရှိ ဖြိုးကုန်စုံဆိုင်မှ ဦးဇော်မြင့်က ပြောသည်။
ပြီးခဲ့သည့်နှစ်များက ပြည်မ၌ ကြက်သွန်နီများ စိုက်ပျိုးသော်လည်း ဈေးကွက်မရှိ၍ အရှုံးပေါ်စေခဲ့သည့် အတွက် တောင်သူများမှာ ရောင်းရသည့် စရိတ်နှင့် ကုန်ကျသည့် စရိတ်တို့ မကိုက်ညီမှုများကြောင့် အားပြု စိုက်ပျိုးမှု လျော့နည်းခဲ့ခြင်း အပြင်၊ ၂၀၁၅ခုနှစ်အတွင်း ရကြေီးရေလျှံမှုများကြောင့် ပျက်စီးခဲ့ရပြီး၊ လက်ကျန်ကြက်သွန်နီများမှာ ၂၀၁၅ခု နောက်ဆုံးလအစမှာ ကုန်လုနီးပါဖြစ်စေခဲ့တာ ဖြစ်ကြောင်း သိရသည်။
"အခု ဈေးထဲမှာတော့ တစ်ဦးနဲ့တစ်ဦး မတူညီကြဘူးပေါ့၊ (၁)ကီလိုကို (၈၀) (၈၅)ဘတ်နဲ့ ရောင်းနေတယ်၊ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ (၁)ကီလိုကို (၄၀)ကနေ (၆၀)ဘတ်အထိ ဖြစ်ခဲ့တယ်၊ အခု (၁)ကီလိုကို (၈၀)ဘတ်အထိ ဖြစ်လာတာကတော့ တစ်ပတ်လောက်ပဲ ရှိသေးတယ်၊ (၁)လပိုင်းလောက်ဆိုရင် ကြက်သွန်နီအသစ်တွေ ထွက်တော့မယ်ဆိုတော့ ဈေးပြန်ကျသွားနိုင်ပါတယ်.."ဟု ဦးဇော်မြင့်က ပြောပြသည်။
"ကျွန်တော်တို့ လက်လီပြန်ရောင်းတဲ့ ဈေးသည်တွေ အနေနဲ့တော့ အဆင်မပြေဘူးပေါ့၊ ကြက်သွန်နီ အလုံးကြီးလည်းကြီးမယ်၊ လှလည်းလှမယ်ဆိုရင် (၁)ကီလိုကို (၈၀)ဘတ်အထိရတယ်၊ အလုံးသေးပြီး သိပ်မသန့်တာမျိုးဆိုရင်တော့ (၁)ကီလိုကို ဘတ်(၆၀)လောက်အထိရှိပါတယ်.."ဟု မြို့မဈေးမှ ကုန်ခြောက်သည် ကိုနိုင်က ပြောသည်။
ပြည်မ၌ ကြက်သွန်နီ ဈေးနှုန်းမှာ နိုဝင်ဘာလအတွင်းမှ ဒီဇင်ဘာလအစထိ အပြင်ရောင်းဈေး (၁)ပိဿါလျှင် (၄၀၀၀)ကျပ်အထိ ရှိခဲ့ကြောင်း နှင့် ဇန်နဝါရီလအတွင်း၌ ကြက်သွန်နီများ အသစ်ထပ်မံ ထွက်ရှိမှာဖြစ်တာကြောင့် ဈေးနှုန်းများ ပြန်လည်ကျသွားနိုင်ခြေရှိကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ကြက်သွန်နီ တင်ပို့သည့် ကုန်သည်များထံမှ သိရသည်။