ရွမ္းျပည္နယ္အတြင္းျဖစ္ပြားေနေသာ စစ္ပြဲမ်ားရပ္တန္႔ေရး လူထုလက္မွတ္ေရးထိုးလွဳပ္ရွားမႈမ်ား အျပင္ စစ္ေဘးေရွာင္မ်ားအတြက္ ေထာက္ပံ့ႏိုင္ရန္ အလွဴေငြမ်ားအား တာခ်ီလိတ္ၿမိဳ႕ မဇၥ်ိမလူမႈကူညီေရးႏွင့္ လူငယ္ကြန္ရက္တို႔ ပူးေပါင္းၿပီး ေစ်းမ်ားႏွင့္ လူစည္ကားရာ ေနရာမ်ားတြင္ ဂစ္တာတီးကာ လိုက္လံ အလွဴခံလွ်က္ရွိေၾကာင္း သိရသည္။
"ႏို၀င္ဘာ(၂၈)ရက္ေန႔မွာ လူထုဆႏၵ ထုတ္ေဖၚပြဲၿပီးတာနဲ႔ လူငယ္ေတြနဲ႔ ေစ်းေတြမွာ လက္မွတ္ေကာက္ရင္း အလွဴလိုက္ခံေပးေနတာပါ၊ အခုလက္မွတ္ေပါင္း (၁၀၀၀)ေက်ာ္ရၿပီး အလွဴေငြဘတ္(၂၃,၇၄၀)ဘတ္ႏွင့္ (၂၆၀,၅၀၀)က်ပ္ အလွဴခံရရွိထားၿပီး၊ ပစၥည္းေတြ က်ပ္(၁၀)သိန္းဖိုးေလာက္ ရရွိထားပါတယ္.."ဟု မဇၥ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ေပၚရွိ လူစည္ကားရာ ေနရာမ်ားႏွင့္ ဆန္ဆိုင္းေစ်း၊ တာေလာ့ေစ်း၊ အာခါေစ်းမ်ားတြင္ ဂစ္တာတီး၍ လိုက္လံအလွဴခံကာ လက္မွတ္မ်ား ေကာက္ခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို႔ လူငယ္ေတြ အေနနဲ႔ တတ္ႏိုင္သေလာက္ လိုက္ၿပီး ကူညီတာပါ၊ အဓိက ဘယ္သူမွ အျပစ္ မေျပာဘူး စစ္ပြဲေတြ ရပ္ေစခ်င္တာ တစ္ခုဘဲ၊ ဒုကၡသည္ေတြက ကၽြန္ေတာ္တို႔ ႏိုင္ငံသားေတြပါ ကိုယ္ခ်င္းစာလို႔ ပါ၀င္ကူညီတာပါ..."ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း လူငယ္ကြန္ရက္မွ ကိုစတီဗင္က ေျပာသည္။
စစ္ပြဲမ်ား ရပ္တန္႔ေရး အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း လူထုလက္မွတ္မ်ားအား လိုက္လံ ေကာက္ယူခဲ့သည္မွာ (၁)လခန္႔ရွိၿပီျဖစ္ေၾကာင္း၊ လက္မွတ္ေရးထိုးသူမ်ားတြင္ ရဟန္းသံဃာမ်ားႏွင့္ အလယ္တန္းအဆင့္ ကေလးသူငယ္မ်ားထိ ပါ၀င္ေၾကာင္း၊ လူတန္းစားမ်ိဳးစံု လက္မွတ္ ေရးထိုးထားျခင္းျဖစ္ေၾကာင္း ႏွင့္ ဒီဇင္ဘာလ(၈၊ ၉)ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕၌ ဖိုရမ္ျပဳလုပ္၍ လက္မွတ္မ်ားအား သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားသို႔ ေပးပို႔ႏိုင္ေအာင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေး လူထုလက်မှတ်ရေးထိုးလှုပ်ရှားမှုများ အပြင် စစ်ဘေးရှောင်များအတွက် ထောက်ပံ့နိုင်ရန် အလှူငွေများအား တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးနှင့် လူငယ်ကွန်ရက်တို့ ပူးပေါင်းပြီး ဈေးများနှင့် လူစည်ကားရာ နေရာများတွင် ဂစ်တာတီးကာ လိုက်လံ အလှူခံလျှက်ရှိကြောင်း သိရသည်။
"နိုဝင်ဘာ(၂၈)ရက်နေ့မှာ လူထုဆန္ဒ ထုတ်ဖော်ပွဲပြီးတာနဲ့ လူငယ်တွေနဲ့ ဈေးတွေမှာ လက်မှတ်ကောက်ရင်း အလှူလိုက်ခံပေးနေတာပါ၊ အခုလက်မှတ်ပေါင်း (၁၀၀၀)ကျော်ရပြီး အလှူငွေဘတ်(၂၃,၇၄၀)ဘတ်နှင့် (၂၆၀,၅၀၀)ကျပ် အလှူခံရရှိထားပြီး၊ ပစ္စည်းတွေ ကျပ်(၁၀)သိန်းဖိုးလောက် ရရှိထားပါတယ်.."ဟု မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများနှင့် ဆန်ဆိုင်းဈေး၊ တာလော့ဈေး၊ အာခါဈေးများတွင် ဂစ်တာတီး၍ လိုက်လံအလှူခံကာ လက်မှတ်များ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ တတ်နိုင်သလောက် လိုက်ပြီး ကူညီတာပါ၊ အဓိက ဘယ်သူမှ အပြစ် မပြောဘူး စစ်ပွဲတွေ ရပ်စေချင်တာ တစ်ခုဘဲ၊ ဒုက္ခသည်တွေက ကျွန်တော်တို့ နိုင်ငံသားတွေပါ ကိုယ်ချင်းစာလို့ ပါဝင်ကူညီတာပါ..."ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်ကွန်ရက်မှ ကိုစတီဗင်က ပြောသည်။
စစ်ပွဲများ ရပ်တန့်ရေး အတွက် တာချီလိတ်မြို့နယ်အတွင်း လူထုလက်မှတ်များအား လိုက်လံ ကောက်ယူခဲ့သည်မှာ (၁)လခန့်ရှိပြီဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးသူများတွင် ရဟန်းသံဃာများနှင့် အလယ်တန်းအဆင့် ကလေးသူငယ်များထိ ပါဝင်ကြောင်း၊ လူတန်းစားမျိုးစုံ လက်မှတ် ရေးထိုးထားခြင်းဖြစ်ကြောင်း နှင့် ဒီဇင်ဘာလ(၈၊ ၉)ရက်နေ့တွင် တောင်ကြီးမြို့၌ ဖိုရမ်ပြုလုပ်၍ လက်မှတ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့နိုင်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။