ထိုင်းနိုင်ငံတွင် ရေထွက်ပစ္စည်း ထုတ်လုပ်သော စက်ရုံများရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမား လူသစ်များအတွက် ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ မဟာချိုင်နယ်မြေ စမွတ်ဆာခွန် ဆေးရုံကြီးစင်တာတွင် နေထိုင်ခွင့် လက်မှတ်များ ပြုလုပ်ပေးနေကြောင်း နှင့် ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ အထိ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
"အဓိက ထုတ်ပေးနေတာ ရေလုပ်သားတွေ အတွက်ပါ၊ ကျန်တဲ့ အလုပ်သမားတွေအတွက်တော့ မပါသေးဘူး၊ ကတ်လုပ်ပေးတဲ့ ကာလက (၃)လ သတ်မှတ်ထားတယ်၊ ဒီဇင်ဘာလမှာ စလုပ်ပေးနေတာ၊ ဒီကတ်ကိုင်ထားတဲ့ သူဟာ တခြား လုပ်ငန်းခွင်ကို ပြောင်းရွှေ့လုပ်ကိုင်ခွင့်မရှိဘူး ရေလုပ်ငန်းတစ်ခုမှာပဲ လုပ်ရမှာ.."ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း(FED)မှ ကိုမင်းဦးက ပြောသည်။
ထိုင်းနိုင်ငံအတွင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျှက်ရှိသော ခရိုင်(၂၂)ခရိုင်တွင် ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရပြီး ၂၀၁၅ ဒီဇင်ဘာလ(၁)ရက်နေ့မှ ၂၀၁၆ ဖေဖေါ်ဝါရီလအထိ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ ကတ်ပြားတွင် နေထိုင်ခွင့်(၁)နှစ်၊ အလုပ် လုပ်ကိုင်ခွင့် (၁)နှစ်နှင့် ဘတ်(၃၀)ဖြင့် ဆေးကုသခွင့်(၁)နှစ်ပါရှိမှာဖြစ်ကြောင်း နှင့် တစ်ဦးလျှင် ထိုင်းနိုင်ငံအစိုးရမှ သတ်မှတ်ပေးသော ကုန်ကျစရိတ်မှာ (၃၁၈၀)ဘတ်ကျသင့်မှာဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ကိုရဲမင်း(FED)
************
( unicode )
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားများအား ထုတ်ပေးနေသော နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့် ကတ်ပြား (ပန်းရောင်ကတ်)များမှာ ရေလုပ်သားနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ အတွက်သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများထံမှ သိရသည်။
"အဓိက ဒီကတ်တွေကို ထုတ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံရဲ့အဓိက ထုတ်ကုန်ဖြစ်တဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်သမားရှားပါးလို့ ထုတ်ပေးတာပါ၊ မြို့ကြီးတွေ မပါဘဲ ပင်လယ်ထွက်ကုန်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေက အလုပ်သမားတွေ ကို အရင်ဆုံးထုတ်ပေးတာပါ.."ဟု ထိုင်းနိုင်ငံ မြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေး မဟာမိတ်ကော်မတီ(ဗဗဃ)မှ ကိုရဲမင်းက ပြောသည်။
ထိုင်းနိုင်ငံတွင် ရေထွက်ပစ္စည်း ထုတ်လုပ်သော စက်ရုံများရှိ မြန်မာ၊ လာအိုနှင့် ကမ္ဗောဒီးယားနိုင်ငံများမှ အလုပ်သမား လူသစ်များအတွက် ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ မဟာချိုင်နယ်မြေ စမွတ်ဆာခွန် ဆေးရုံကြီးစင်တာတွင် နေထိုင်ခွင့် လက်မှတ်များ ပြုလုပ်ပေးနေကြောင်း နှင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ အထိ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း၎င်းထံမှ သိရသည်။
"အဓိက ထုတ်ပေးနေတာ ရေလုပ်သားတွေ အတွက်ပါ၊ ကျန်တဲ့ အလုပ်သမားတွေအတွက်တော့ မပါသေးဘူး၊ ကတ်လုပ်ပေးတဲ့ ကာလက (၃)လ သတ်မှတ်ထားတယ်၊ ဒီဇင်ဘာလမှာ စလုပ်ပေးနေတာ၊ ဒီကတ်ကိုင်ထားတဲ့ သူဟာ တခြား လုပ်ငန်းခွင်ကို ပြောင်းရွှေ့လုပ်ကိုင်ခွင့်မရှိဘူး ရေလုပ်ငန်းတစ်ခုမှာပဲ လုပ်ရမှာ.."ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(ြီ်)မှ ကိုမင်းဦးက ပြောသည်။
ထိုင်းနိုင်ငံအတွင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျှက်ရှိသော ခရိုင်(၂၂)ခရိုင်တွင် ပြုလုပ်ပေးနခြေင်းဖြစ်ကြောင်း သိရပြီး ၂၀၁၅ ဒီဇင်ဘာလ(၁)ရက်နေ့မှ ၂၀၁၆ ဖေဖော်ဝါရီလအထိ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ ကတ်ပြားတွင် နေထိုင်ခွင့်(၁)နှစ်၊ အလုပ် လုပ်ကိုင်ခွင့် (၁)နှစ်နှင့် ဘတ်(၃၀)ဖြင့် ဆေးကုသခွင့်(၁)နှစ်ပါရှိမှာဖြစ်ကြောင်း နှင့် တစ်ဦးလျှင် ထိုင်းနိုင်ငံအစိုးရမှ သတ်မှတ်ပေးသော ကုန်ကျစရိတ်မှာ (၃၁၈၀)ဘတ်ကျသင့်မှာဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ။ ကိုရဲမင်း(ြီ်)