တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ ဒီဇင္ဘာလ (၅)ရက္ေန႔၊ ေန႔လည္(၂)နာရီ အခ်ိန္က ေက်ာက္စိမ္းအရိုင္းတံုးမ်ား ႏွင့္ က်ပ္သိန္း (၅၀)ခန္႔ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို သယ္ေဆာင္လာသူႏွင့္ အတူ ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း တာခ်ီလိတ္မူးယစ္ရဲတပ္ဖြဲ႔မွ သိရသည္။
မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ နယ္ေျမခံတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔မွ တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ ယာဥ္သြား၊ ယာဥ္လာမ်ားအား ရပ္တန္႔ စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ရာမွ မူးယစ္ေဆး၀ါးမ်ားႏွင့္ ေက်ာက္စိမ္း အရိုင္းတံုးတို႔ကို သိမ္းဆည္း ရမိတာျဖစ္ေၾကာင္း သိရသည္။
က်ဳိင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ၀င္ေရာက္လာၿပီး စိုင္းကြမ္းစိန္(က်ား) ႏွင့္ စိုင္းလာ(က်ား)တို႔ ႏွစ္ဦး ပါရွိသည့္ Vigo အမ်ဳိးအစား ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆး ရွာေဖြရာမွ စိုင္းလာ ၀တ္ဆင္ထားသည့္ ဂ်င္းအက်ႌအတြင္းမွ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား စုစုေပါင္း (၂၀၀၀)ျပားကို ေတြ႕ရွိရာ ကာလတန္ဖိုးေငြမွာ က်ပ္သိန္း (၅၀)ခန္႔ရွိေၾကာင္း ႏွင့္ စိုင္းလာ ၀တ္ဆင္ထားေသာ ဂ်င္းေဘာင္းဘီ အတြင္းမွ ျမန္မာက်ပ္ေငြ ေရာရာ (၄၅၀,၀၀၀)တို႔အား ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။
ဆက္လက္၍ ေမာ္ေတာ္ယာဥ္၏ ေနာက္ခန္း ထိုင္ခံုေပၚရွိ ေျပာက္က်ား အိတ္အတြင္းမွ ျမန္မာက်ပ္ေငြ(၂)သိန္း ႏွင့္ ထုိင္းေငြ(၅,၅၀၀)ဘတ္ အျပင္၊ ထိုင္ခံုေရွ႕၏ ၾကမ္းခင္းေပၚမွ (၇.၅)ကီလိုရွိ အ၀ါ/စိမ္းေရာင္ ေက်ာက္အရိုင္း (၁)တံုး၊ အေလးခ်ိန္ (၁.၅)ကီလိုရွိ အနက္ေရာင္ ေက်ာက္အရိုင္း (၁)တံုး၊ (၂)ကီလိုရွိသည့္ ခဲ/၀ါေရာင္ ေက်ာက္အရိုင္း (၁)တံုး၊ (၀.၉)ကီလိုရွိ နီညိဳေရာင္ ေက်ာက္အရိုင္း (၁)တံုး ႏွင့္ အေလးခ်ိန္ (၂၀၀)ဂရမ္ခန္႔ရွိ အနက္ေရာင္ ေက်ာက္အရိုင္း (၁)တံုးတို႔ကို ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။
မူးယစ္ေဆး၀ါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိသည့္ စိုင္းလာ(က်ား) ႏွင့္ စိုင္းကြမ္းစိန္(က်ား) တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၁၅၅/၂၀၁၅၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။
( ဖုန္းမ်ားတြင္ ဖတ္မရသူမ်ားအတြက unicode ျဖင့္ ေဖာ္ျပထားပါသည္။ )
တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာလ (၅)ရက်နေ့၊ နေ့လည်(၂)နာရီ အချိန်က ကျောက်စိမ်းအရိုင်းတုံးများ နှင့် ကျပ်သိန်း (၅၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် ယာဉ်သွား၊ ယာဉ်လာများအား ရပ်တန့် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာမှ မူးယစ်ဆေးဝါးများနှင့် ကျောက်စိမ်း အရိုင်းတုံးတို့ကို သိမ်းဆည်း ရမိတာဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ဝင်ရောက်လာပြီး စိုင်းကွမ်းစိန်(ကျား) နှင့် စိုင်းလာ(ကျား)တို့ နှစ်ဦး ပါရှိသည့် Vigo အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာမှ စိုင်းလာ ဝတ်ဆင်ထားသည့် ဂျင်းအင်္ကျီအတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀၀)ပြားကို တွေ့ရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း (၅၀)ခန့်ရှိကြောင်း နှင့် စိုင်းလာ ဝတ်ဆင်ထားသော ဂျင်းဘောင်းဘီ အတွင်းမှ မြန်မာကျပ်ငွေ ရောရာ (၄၅၀,ဝဝဝ)တို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ မော်တော်ယာဉ်၏ နောက်ခန်း ထိုင်ခုံပေါ်ရှိ ပြောက်ကျား အိတ်အတွင်းမှ မြန်မာကျပ်ငွေ(၂)သိန်း နှင့် ထိုင်းငွေ(၅,၅၀၀)ဘတ် အပြင်၊ ထိုင်ခုံရှေ့၏ ကြမ်းခင်းပေါ်မှ (၇.၅)ကီလိုရှိ အဝါ/စိမ်းရောင် ကျောက်အရိုင်း (၁)တုံး၊ အလေးချိန် (၁.၅)ကီလိုရှိ အနက်ရောင် ကျောက်အရိုင်း (၁)တုံး၊ (၂)ကီလိုရှိသည့် ခဲ/ဝါရောင် ကျောက်အရိုင်း (၁)တုံး၊ (ဝ.၉)ကီလိုရှိ နီညိုရောင် ကျောက်အရိုင်း (၁)တုံး နှင့် အလေးချိန် (၂၀၀)ဂရမ်ခန့်ရှိ အနက်ရောင် ကျောက်အရိုင်း (၁)တုံးတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် စိုင်းလာ(ကျား) နှင့် စိုင်းကွမ်းစိန်(ကျား) တို့ နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁၅၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။