မိုင်းဖြတ်

မိုင်းဖြတ်
ဒီဇင်ဘာ 7, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပညာရေးနှင့် ပတ်သက်၍ ကျောင်းတက်ရန် အခက်အခဲဖြစ်နေသော တိုင်းရင်းသား လူငယ်များအတွက် အဆင်ပြေစေရန် အခမဲ့ ဘော်ဒါဆောင် ထားရှိရန်အတွက် အဆောက်အဦ တည်ဆောက်ရန် တည်နေရာအား ရှင်းလင်းနေပြီး အဆောက်အဦ အမြန်ဆုံး ဆောက်လုပ်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းထံမှ သိရသည်။

"ကျောင်းဆက်တက်ဖို့ ခက်ခဲနေတဲ့ တိုင်းရင်းသား လူငယ်လေးတွေ အတွက် အခမဲ့ ထားနိုင်ဖို့ပါ၊ အဓိက နေစရာ အဆောင် ဆောက်ပေးမယ်၊ ကျောင်းထားပေးမယ်၊ စားဖို့အတွက်ပါ စီစဉ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်.."ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net