ဇိမ်ခံကားများအနက် လတ်တလော၌ တာချီလိတ်တွင် TOYOTA Estima ကို လူကြိုက်များလာ

ဇိမ်ခံကားများအနက် လတ်တလော၌ တာချီလိတ်တွင် TOYOTA Estima ကို လူကြိုက်များလာ
ဒီဇငျဘာ 8, 2015
By Tachileik News Agency


"ဒီကားရဲ့ တံခါးက မော်တာနဲ့ အော်တိုအဖွင့်အပိတ်လုပ်တဲ့ စနစ်ပါတယ်၊ အတွင်းခန်းကလည်း ကျယ်တယ်၊  အမျိုးအစား အလိုက် ကွာခြားမှုရှိတယ်၊ ထွက်တာကတော့ ၁၉၉၀ လောက်ကတည်းက ထွက်တာ၊ အခုဈေးကွက်ထဲမှာရှိတာကတော့ မော်ဒယ်(၂၀၀၅)ပတ်ဝန်းကျင်လောက်များတယ်.."ဟု ဈေးကွက်အတွင်း ကားဝယ်ရောင်းလုပ်သူ ကိုစိုင်းက ပြောသည်။

TOYOTA Estima ကားများသည် နောက်ကြည့်ကင်မရာ(BACK CAMERA)များပါပြီး ဒက်ဘုတ် အပြင်အဆင်မှာလည်း အခြားကားများနှင့် တူညီခြင်းမရှိကြောင်းနှင့် ဒိုင်ခွက်များမှာ ဒတ်စ်ဘုတ် အတွင်းဘက် အံဝှက်ပုံစံဖြင့် ထည့်သွင်းထားပြီး ကားမောင်းနှင်သူအား အလင်းပြန် မျက်စေ့စူးစေခြင်း မရှိကြောင်း သိရသည်။



Photo: Google, TOYOTA ,
******************

( unicode )

ဂျပန်နိုင်ငံထုတ် တိုယိုတာအမျိုးအစား Estima ဇိမ်ခံကားများ တာချီလိတ်ကားဈေးကွက်အတွင်း လူကြိုက်နှစ်သက်မှုများ ရှိလာကြောင်း သိရသည်။

"ဒီကားရဲ့ တံခါးက မော်တာနဲ့ အော်တိုအဖွင့်အပိတ်လုပ်တဲ့ စနစ်ပါတယ်၊ အတွင်းခန်းကလည်း ကျယ်တယ်၊ Great အလိုက် ကွာခြားမှုရှိတယ်၊ ထွက်တာကတော့ ၁၉၉၀ လောက်ကတည်းက ထွက်တာ၊ အခုဈေးကွက်ထဲမှာရှိတာကတော့ မော်ဒယ်(၂၀၀၅)ပတ်ဝန်းကျင်လောက်များတယ်.."ဟု ဈေးကွက်အတွင်း ကားဝယ်ရောင်းလုပ်သူ ကိုစိုင်းက ပြောသည်။

TOYOTA Estima ကားများသည် နောက်ကြည့်ကင်မရာ(BACK CAMERA)များပါပြီး ဒက်ဘုတ် အပြင်အဆင်မှာလည်း အခြားကားများနှင့် တူညီခြင်းမရှိကြောင်းနှင့် ဒိုင်ခွက်များမှာ ဒတ်စ်ဘုတ် အတွင်းဘက် အံဝှက်ပုံစံဖြင့် ထည့်သွင်းထားပြီး ကားမောင်းနှင်သူအား အလင်းပြန် မျက်စေ့စူးစခြေင်း မရှိကြောင်း သိရသည်။

"ဒီကားက အခု မြန်မာနိုင်ငံမှာ နာမည်ကြီးကား အမျိုးအစားဖြစ်တဲ့ Alphard ကားနဲ့ဆင်တယ်၊ ဒီကားက နည်းနည်း နိမ့်တယ်ပြောရမယ်၊ ကားရဲ့ အတွင်းအဲယားကွန်းက Long Stream ဆိုတာရယ် ခုံတန်းက(၃)ခုဆိုတော့ မိသားစုစီးလို့အဆင်ပြေတယ်"ဟု ကားကျွမ်းကျင်သူတစ်ဦးမှပြောသည်။

ဇိမ်ခံကားများစွာကို ထုတ်လုပ်နေသည့် Toyota Motor Corporation ကို မစ္စတာ ကာချိအို တိုယိုဒါ က ၁၉၃၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ Toyota အမှတ်တံဆိပ် အောက်တွင် Century, Crown Majesta, Crown, Master, SAI, Prius, Aqua, Allion, Succeed, Blade, Corolla RunX, Porte, Estima, Isis, FJ Cruiser, Comfort, Land Cruiser, Hilux Surf, Land Cruiser Prado, Dyna, Stout, Coaster, QuickDelivery, 2000GT, Carina, Carina ED, Brevis, Gaia, Cavalier, Classic, MasterAce, Hilux, Mega Cruiser, Soarer, Origin, Caldina စသည့် ကားအမျိုးအစား များစွာကို မော်ဒယ်အလိုက် ထုတ်လုပ်နေလျက်ရှိကြောင်း သိရသည်။

Photo: Google, TOYOTA ,

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~