တာချီလိတ်မြို့ ၀န်ထမ်းကုန်း ဘုန်းကြီးကျောင်း၏ မြေထိန်းနံရံ အလှူရှင်များ ကောင်းမှုဖြင့် ပြီးစီး

တာချီလိတ်မြို့ ၀န်ထမ်းကုန်း ဘုန်းကြီးကျောင်း၏ မြေထိန်းနံရံ အလှူရှင်များ ကောင်းမှုဖြင့် ပြီးစီး
ဒီဇင်ဘာ 10, 2015
By Tachileik News Agency

တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု ၀န်ထမ်းကုန်းကျောင်းတိုက်တွင် ကျောက်ကြီးစီ မြေထိန်းနံရံ အသစ်ကာရံပြုပြင်နေမှု အား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်ကာ တာချီလိတ်မှ စေတနာရှင်များနှင့် စုပေါင်းပြီး ဆောင်ရွက်လျက်ရှိရာ ယခုအခါမှာ ပြီးမြောက်သွားပြီ ဖြစ်သည့်အတွက် မကြာမီမှာ အလှူရှင်များနှင့်အတူ ရေစက်သွန်းချပွဲအား ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေထိန်းနံရံအား တာဝန်ယူကာ ကုသိုလ်ယူ ဆောင်ရွက်နေသူ ကိုဇေယျာအောင်က "အခုတော့ ပြီးနေပါပြီ၊ အလှူရှင်များရဲ့ အမည်ပါရှိတဲ့ ကမ္ဗည်းကျောက်စာချပ်ကိုလည်း ရေးထိုးနေပါတယ်၊ ပြီးတာနဲ့ ကျောက်ကြီးစီထားတဲ့ မြေထိန်းနံရံမှာ ထားမှာပါ၊ အလှူရှင်များလည်း မိမိတို့ လှူဒါန်းထားတာကို ရေစက်သွန်းချတရားနာယူ နိုင်ရန်အတွက် စီစဉ်ထားပါတယ်၊ ရက်နီးရင် အလှူရှင်များကို ဖိတ်စာနဲ့ဖိတ်ကြားပေးမှာပါ.."ဟု အသိပေး ပြောကြားလာသည်။

"အခု လုပ်နေတဲ့ ကျောက်ကြီးစီ မြေထိန်းနံရံရဲ့ အမြင့်က ပေ(၂၀)ကျော် ရှိပါတယ်၊ အကျယ်ကတော့ ပေ(၁၄၀)ကျော်ပါ၊ အလှူရှင်များလည်း လှူရကျိုးနပ်အောင်လို့ ရေထွက်ပေါက်တွေနဲ့ စနစ်တကျ ဆောင်ရွက်ပေးထားပါတယ်၊"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~