မိုင်းယောင်းမြို့ရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မိုင်းယောင်းမြို့ရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
ဒီဇင်ဘာ 13, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ တပ်တွင်း အခြေခံပညာ အလယ်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ မိုးပွင့်အထူးစီမံချက် (အပိုင်း-၂)ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျောင်းသားများအတွက် မှတ်ပုံတင်များကို ဒီဇင်ဘာလ ၁၁ ရက်က အဆိုပါ ကျောင်း၌ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် အသက်(၁၀)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မိုးပွင့်အထူးစီမံချက် (အပိုင်း-၂)ဖြင့် ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ကျောင်းသားများ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမ်းအနားဖြင့် ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းအောင် နှင့်  တာဝန်ရှိသူများအပြင် ကျောင်းအုပ်ဆရာမကြီးတို့ တက်ရောက်ကြကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။  ။ စိုင်းဇော်လင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~