အဋ္ဌမအကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာစုပေါင်း ခါးထောင်းဖား ပွဲတော် တာချီလိတ် တွင် စည်ကားသိုက်မြိုက်စွာဆင်နွှဲ
တာချီလိတ် ဒီဇင်ဘာ ၁၆
အာခါတိုင်းရင်းသားများ၏ မူလအစယုံကြည်ကိုးကွယ်မှု ဘာသာဖွံ့ဖြိုးတိုး တက်စေရန်၊ ယဉ်ကျေးမှုအမွေအနှစ် များဖြစ်သည့် ဘာသာ သာသနာ၊ စာပေနှင့် ၀တ်စားဆင်ယင်မှု ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြုပ် နေသော ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်နိုင်စေရန်နှင့် အနယ်နယ်အရပ်ရပ် တွင် ပျံ့နှံ့နေသော အာခါ တိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပသည့် အဋ္ဌအအကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ ခါးထောင်းဖားပွဲတော်(ခေါ်) စုပေါင်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီခွဲက တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းတွင်
စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပွဲတော်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်
အောင်ဇော်အေး၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ ပွဲတော်ကျင်းပရေး
ကော်မတီ ဥက္ကဋ္ဌ ဦးချစ်ဂျွေ့ နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ အာခါ တိုင်းရင်းသား ကိုယ်စားလှယ်ဧည့်သည်တော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူး က အဋ္ဌမ အကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်း ခါးထောင်းဖား ပွဲတော်သို့ နှစ်သစ်အမှာစကား ပြောကြားပြီး၊ အာခါတိုင်းရင်းသားရိုးရာထိန်းသိမ်းရေး
အဖွဲ့ ခေါင်းဆောင် ဦးမင်းညို က နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းလားမြို့တို့မှ အာခါတိုင်းရင်း
သားယဉ်ကျေးမှုအဖွဲ့များက အာခါရိုးရာ အကတေးသံသာများဖြင့် ကပြဖျော်ဖြေတင် ဆက်ကြပြီး၊ တက်ရောက်လာသည့် ဧည့်သည်တော်များက နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဓာတ်ပုံပြခန်းများတွင် ပြသထားသည့် အာခါတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်စဉ်ကျင်းပ ပြုလုပ်သည့် ခါးထောင်းဖား ပွဲတော်မှတ်တမ်းဓာတ်ပုံများ နှင့် ရိုးရာယဉ်ကျေးမှု အသုံး အဆောင်ပစ္စည်း အရောင်း ဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက်တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်အေး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး
ဦးကောင်းစံဦး နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ၊ အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်း ရေးအဖွဲ့ခေါင်းဆောင် ဦးမင်းညို နှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပွဲတော် ကျင်းပရေးကော်မတီဝင်များ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ မှ ဧည့်သည်တော်များက စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး၊ နေ့လည်စာဖြင့် အတူတကွ မိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ခါးထောင်းဖားပွဲတော်ကိုအာခါတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများ၊
ဒေသများတွင် ကျင်းပလာ ခဲ့ရာမှ တာချီလိတ်မြို့တွင် အာခါရိုးရာစုပေါင်းနှစ်သစ် ကူးပွဲတော်ကို အဋ္ဌမအကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊
လာအိုနိုင်ငံများမှ အကအဖွဲ့များက ၄င်းတို့၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် စုပေါင်း ကပြဖျော် ဖြေလျက်ရှိကြောင်းသိရသည်။
ဝေယံလင်း
အဋ္ဌမအကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာစုပေါင်း ခါးထောင်းဖား
Featured News
နိုဝင်ဘာ 14, 2024
နိုဝင်ဘာ 13, 2024
အောက်တိုဘာ 30, 2024
အောက်တိုဘာ 25, 2024
အောက်တိုဘာ 16, 2024