ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအတွက် တာချီလိတ်၌ ပြင်ဆင်

ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအတွက် တာချီလိတ်၌ ပြင်ဆင်
ဒီဇင်ဘာ 18, 2015
By Tachileik News Agency

ရှမ်းတိုင်းရင်းသားများ၏ (၂၁၁၀)နှစ်မြောက် ရိုးရာနှစ်သစ်ကူးပွဲတော်ကို တာချီလိတ်မြို့ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အသင်းမှ ကြီးမှူးကာ ဒီဇင်ဘာလ (၁၈)ရက်နေ့မှ (၂၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဖွင့်ပွဲအား ယနေ့ ဒီဇင်ဘာလ(၁၈)ရက် ညပိုင်းမှာ ကျင်းပပြုလုပ်ရန်အတွက် ပြင်ဆင်နေလျှက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲအား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု အသင်းပိုင် ကွင်းပြင်တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ရိုးရာနှစ်သစ်ကူးပွဲတော်အား ယခင်နှစ်ထက် (၁)ရက် ပိုကာ (၄)ရက် တိတိကျင်းပမှာဖြစ်သည်။

"ပွဲမှာ ရှမ်းတိုင်းရင်းသားရိုးရာ ပစ္စည်းတွေဖြစ်တဲ့ အ၀တ်အထည်တွေ၊ အသုံးအဆောင်တွေ ရောင်းပါတယ်၊ ကလေးကစားစရာလည်း ရှိသလို၊ ဆပ်ကပ်လည်း ရှိပါတယ်။ ဒီနှစ်ကတော့ တစ်ရက်ပိုပြီး (၄)ရက် ကျင်းပသွားမှာပါ၊ ဒီဇင်ဘာ(၂၁)ရက်နေ့ နောက်ဆုံးပါ"ဟု ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။

နှစ်သစ်ကူးပွဲတော်၏ အဓိက ကျသည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲအား ဒီဇင်ဘာလ(၂၁)ရက်နေ့ ည(၇)နာရီတွင် ကျင်းပ ပြုလုပ်မှာဖြစ်ပြီး (၈)ယောက်စာ စားဝိုင်းများကို တစ်ဝိုင်းလျှင် (၃၀၀၀)ဘတ်နှုန်းဖြင့် ပွဲကျင်းပရေး ကော်မတီမှ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~