မယ်ဆိုင်မြို့တွင် (၅)ရက်တိုင်တိုင် သွား/ခံတွင်း ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်ဖြစ်ရာ တာချီလိတ်နေ ပြည်သူများလည်း လာရောက်၍ ကုသမှု ခံယူနိုင်ကြောင်း အသိပေးလာ

မယ်ဆိုင်မြို့တွင် (၅)ရက်တိုင်တိုင် သွား/ခံတွင်း ဝေဒနာရှင်များအား အခမဲ့ ကုသပေးမည်ဖြစ်ရာ တာချီလိတ်နေ ပြည်သူများလည်း လာရောက်၍ ကုသမှု ခံယူနိုင်ကြောင်း အသိပေးလာ
ဒီဇင်ဘာ 29, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားအထူးကု ဆရာဝန်ကြီးများမှ မယ်ဆိုင်မြို့သို့ လာရောက်ပြီး ဇီဝိတဒါန အဖြစ် သွား/ခံတွင်း ဝေဒနာရှင်များကို အခမဲ့ ကုသပေးသွားမည် ဖြစ်သည့် အတွက် မယ်ဆိုင်မြို့နှင့် နီးစပ်သည့် တာချီလိတ်မှ မြန်မာပြည်သူများလည်း လာရောက်၍ အခမဲ့ ကုသမှု ခံယူနိုင်မှာဖြစ်ကြောင်း သိရသည်။

"ဘန်ကောက်က လာတဲ့ သွားအထူးကု ဆရာဝန်ကြီး (၇)ဦးက မယ်ဆိုင်မြို့ ထမ်ဖာဂျွမ်မှာ ရှိတဲ့ ထမ်ဖာဂျွမ်လှိုဏ်ဂူ ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူတဲ့ အနေနဲ့ သွား/ခံတွင်း ဝေဒနာ ခံစားနေရတဲ့ လူတွေကို အခမဲ့ ကုသပေးသွားဖို့ ပြောလာပါတယ်၊ အဲ့ဒါနဲ့ တာချီလိတ်က လူတွေလည်း အခမဲ့ လာရောက်ပြီး ကုသမှု ခံယူနိုင်အောင် ကျွန်တော့်ဆီကို ပြောလာတာနဲ့ ပြန်အသိပေးတာပါ၊ ဇန်န၀ါရီလ(၃)ရက်နေ့ အထိ ကုသပေးသွားမှာလို့ ပြောပါတယ်..."ဟု မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား ကူညီပေးနေသူ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

"သွားစိုက်ပေးတာက လွဲရင် သွား/ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကုသပေးသွားမယ်လို့ ပြောပါတယ်၊ သွားစိုက်ပေးဖို့က စက်ပစ္စည်းမပါလာတဲ့အတွက် အဓိက ကတော့ ကုသရေး အပိုင်းကို ဦးစားပေးပြီး အခမဲ့ ကုသပေးသွားမယ်လို့ အသိပေးလာပါတယ်.."ဟု ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့မှစ၍ ၂၀၁၆ခုနှစ် ဇန်န၀ါရီလ (၃)ရက်နေ့ထိ (၅)ရက်တိုင်တိုင် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အချိန်ထိ သွား/ခံတွင်းနှင့် ပတ်သက်သည့် ရောဂါများကို မယ်ဆိုင်မြို့ ထမ်ဖာဂျွမ် လှိုဏ်ဂူဘုန်းကြီးကျောင်း၌ အခမဲ့ ကုသပေးသွားမှာဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~