နှစ်သစ်ကူးညတွင် တာချီလိတ် - မယ်ဆိုင် တံတားအား ည(၈)နာရီခွဲအထိသာ ဖွင့်မည်

နှစ်သစ်ကူးညတွင် တာချီလိတ် - မယ်ဆိုင် တံတားအား ည(၈)နာရီခွဲအထိသာ ဖွင့်မည်
ဒီဇင်ဘာ 31, 2015
By Tachileik News Agency

၂၀၁၆အကြို နှစ်သစ်ကူးညပိုင်းတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားအား သတ်မှတ်ထားသည့် မြန်မာစံတော်ချိန် ည(၈)နာရီခွဲအထိသာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

နှစ်စဉ် နှစ်သစ်ကူးကြိုဆိုပွဲများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ထိပ်တွင် ကျင်းပလေ့ရှိပြီး ထိုင်း နှင့် မြန်မာ မိနစ်(၃၀)အချိန်ကွဲသည့်အတွက် နှစ်သစ်ကူးကို (၂)ကြိမ် ကြိုဆိုလေ့ရှိသော်လည်း ယနေ့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ လတ်တလော ကာလ အခြေအနေများ အရ ည(၈)နာရီခွဲအထိသာ ဖွင့်လှစ်မှာ ဖြစ်သည်။

ချစ်ကြည်ရေးတံတားအား နံနက်(၆)နာရီမှ ည(၈)နာရီခွဲ အချိန်ထိ ပုံမှန်အတိုင်း ဖွင့်လှစ်မှာဖြစ်ပြီး ညနေ(၄)နာရီ ကျော်ပါက တံတားပေါ်မှ သွားလာသူ ပြည်သူများအနေဖြင့် ည(၈)နာရီခွဲအချိန်ထိ ခြေလျင်ဖြင့်သာ သွားခွင့်ပြုမှာ ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~