ဇန္န၀ါရီလ (၁၉)ရက္ေန႔မွစ၍ ရက္ပိုင္းအတြင္း ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕တြင္း၌ ေရွာင္တခင္ စစ္ေဆးမႈမ်ားအျဖစ္ ဘန္ေကာက္ၿမိဳ႕မွ လာသည့္ ပူးေပါင္းအဖြဲ႔မ်ားက စစ္ေဆးေဆာင္ရြက္မွာ ျဖစ္ေၾကာင္း သတင္းရရွိသည္။
"ဘန္ေကာက္ၿမိဳ႕က ေစလႊတ္လိုက္တဲ့ လ၀က၊ စည္ပင္ နဲ႔ ယစ္မ်ဳိး တာ၀န္ရွိသူေတြ ပူးေပါင္းၿပီး မယ္ဆိုင္ၿမိဳ႕တြင္းမွာ ေရွာင္တခင္ စစ္ေဆးမႈေတြ လုပ္မယ္လို႔ သိရပါတယ္၊ မယ္ဆိုင္ၿမိဳ႕ကို လာေရာက္ၿပီး ေစ်းေရာင္းတဲ့သူေတြေရာ အလုပ္သမားေတြေရာ သြားသတိ၊ လာသတိရွိဖို႔ လိုပါတယ္.."ဟု မယ္ဆိုင္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံသားမ်ားအား ေမတၱာျဖင့္ ကူညီေဆာင္ရြက္ေပးေနသူ ဦးထြန္း(မယ္ဆိုင္)က အသိေပးေျပာၾကားလာသည္။
ဘန္ေကာက္ၿမိဳ႕မွ ေရာက္ရွိလာသည့္ ပူးေပါင္းအဖြဲ႔တို႔သည္ မယ္ဆိုင္၌ တစ္ပတ္ခန္႔ ၾကာႏိုင္ေလ့ရွိၿပီး ျမန္မာအမ်ားအျပားရွိသည့္ လြိဳင္ေဘာင္းေစ်း အတြင္းႏွင့္ မိန္းလမ္းတစ္ေလွ်ာက္ ေစ်းသည္မ်ားအား စစ္ေဆးျခင္းမ်ား ျပဳလုပ္ေလ့ရွိရာ နယ္စပ္တံတားကူး လက္မွတ္ျဖင့္ လာေရာက္ၿပီး ေစ်းေရာင္းခ်သူမ်ား၊ တရားမ၀င္ ကုန္ပစၥည္းေရာင္းခ်သူမ်ားကို စစ္ေဆး အေရးယူေလ့ရွိေၾကာင္း သိရသည္။
မယ္ဆိုင္ၿမိဳ႕သည္ ျမန္မာ - ထိုင္း နယ္စပ္ေဒသၿမိဳ႕ျဖစ္သည့္အတြက္ ဘန္ေကာက္မွ ပူးေပါင္းအဖြဲ႔တို႔သည္ စီမံခ်က္အရ ေရာက္ရွိလာတတ္ၿပီး ျမန္မာမ်ား ႏွင့္ ထိုင္းႏိုင္ငံသား မဟုတ္သည့္ ႏိုင္ငံသားမ်ား၊ ထိုင္းႏိုင္ငံသားမ်ား စသည္တို႔ ေနထိုင္တတ္ၾကသည့္ အိမ္ခန္းငွားမ်ားသို႔လည္း စစ္ေဆးေလ့ရွိတတ္ၿပီး၊ ခရီးသြား ဧည့္သည္မ်ားအား ေစ်းေရာင္းခ်ၾကသည့္ ေစ်းမ်ားအတြင္းသို႔လည္း လွည့္လည္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္တတ္ေလ့ရွိေၾကာင္း မယ္ဆိုင္ၿမိဳ႕ေန ျမန္မာႏိုင္ငံသားမ်ားထံမွ သိရသည္။
( unicode )
ဇန်နဝါရီလ (၁၉)ရက်နေ့မှစ၍ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း၌ ရှောင်တခင် စစ်ဆေးမှုများအဖြစ် ဘန်ကောက်မြို့မှ လာသည့် ပူးပေါင်းအဖွဲ့များက စစ်ဆေးဆောင်ရွက်မှာ ဖြစ်ကြောင်း သတင်းရရှိသည်။
"ဘန်ကောက်မြို့က စေလွှတ်လိုက်တဲ့ လဝက၊ စည်ပင် နဲ့ ယစ်မျိုး တာဝန်ရှိသူတွေ ပူးပေါင်းပြီး မယ်ဆိုင်မြို့တွင်းမှာ ရှောင်တခင် စစ်ဆေးမှုတွေ လုပ်မယ်လို့ သိရပါတယ်၊ မယ်ဆိုင်မြို့ကို လာရောက်ပြီး ဈေးရောင်းတဲ့သူတွေရော အလုပ်သမားတွေရော သွားသတိ၊ လာသတိရှိဖို့ လိုပါတယ်.."ဟု မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအား မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးနေသူ ဦးထွန်း(မယ်ဆိုင်)က အသိပေးပြောကြားလာသည်။
ဘန်ကောက်မြို့မှ ရောက်ရှိလာသည့် ပူးပေါင်းအဖွဲ့တို့သည် မယ်ဆိုင်၌ တစ်ပတ်ခန့် ကြာနိုင်လေ့ရှိပြီး မြန်မာအများအပြားရှိသည့် လွိုင်ဘောင်းဈေး အတွင်းနှင့် မိန်းလမ်းတစ်လျှောက် ဈေးသည်များအား စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိရာ နယ်စပ်တံတားကူး လက်မှတ်ဖြင့် လာရောက်ပြီး ဈေးရောင်းချသူများ၊ တရားမဝင် ကုန်ပစ္စည်းရောင်းချသူများကို စစ်ဆေး အရေးယူလေ့ရှိကြောင်း သိရသည်။
မယ်ဆိုင်မြို့သည် မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် ဘန်ကောက်မှ ပူးပေါင်းအဖွဲ့တို့သည် စီမံချက်အရ ရောက်ရှိလာတတ်ပြီး မြန်မာများ နှင့် ထိုင်းနိုင်ငံသား မဟုတ်သည့် နိုင်ငံသားများ၊ ထိုင်းနိုင်ငံသားများ စသည်တို့ နေထိုင်တတ်ကြသည့် အိမ်ခန်းငှါးများသို့လည်း စစ်ဆေးလေ့ရှိတတ်ပြီး၊ ခရီးသွား ဧည့်သည်များအား ဈေးရောင်းချကြသည့် ဈေးများအတွင်းသို့လည်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်တတ်လေ့ရှိကြောင်း မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။