တီဗွီဇာတ်လမ်းတွဲအတိုင်း အက်စစ်စိမ်ပြီး အလောင်းဖျောက်ခံရတဲ့ ပြင်သစ်ကျောင်းသူ

တီဗွီဇာတ်လမ်းတွဲအတိုင်း အက်စစ်စိမ်ပြီး အလောင်းဖျောက်ခံရတဲ့ ပြင်သစ်ကျောင်းသူ
ဇနျနဝါရီ 21, 2016
By Tachileik News Agency

ပြင်သစ်နိုင်ငံက အသက် ၂၃ နှစ်အရွယ် အနုပညာ သမိုင်းဘာသာရပ် သင်ယူနေတဲ့ ကျောင်းသူ တစ်ဦး သူနေထိုင်ရာ တူးလု(စ်)မြို့က တိုက်ခန်းမှာပဲ အမေရိကန် တီဗွီ ဇာတ်လမ်းတွဲဖြစ်တဲ့ Breaking Bad ဇာတ်ဝင်ခန်းထဲက အတိုင်း သတ်ပြီးအလောင်းကို အက်စစ်စိမ်ထားခံရတာကို ရဲတပ်ဖွဲ့တွေ တွေ့လိုက်ရပါတယ်။

အလောင်းဟာ အက်စစ်ထဲမှာ ၁၀ ရက်လောက် စိမ်ထားခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး အသက် ၂၃ နှစ်အရွယ် ကျောင်းသူ Eva Bourseau အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

Eva Bourseau က သူတို့ဆီမှာ မူးယစ်ဆေးဝါးဖိုး ယူရို (၄၂၅၀) ပေးဖို့အကြွေးရှိနေတာကြောင့် နာမည်ကြီး ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းအတိုင်း လူသတ်ပြီး အလောင်းကို ပလပ်စတစ်ပုံး အကောင်းစားထဲမှာ အက်စစ်နဲ့ ပျော်သွားအောင် ကြံစည်ကြတာလို့ သိရပါတယ်။



သူတို့ဟာ သမိုင်းအနုပညာ ဘာသာရပ်သင်ယူနေတဲ့ ကျောင်းသူ Eva Bourseau ဆီက အကြွေးသွားတောင်းရာမှ သူမက မပေးနိုင်တာကြောင့် သံတူရွင်းနဲ့ သတ်ပစ်လိုက်တာလို့ သိရပါတယ်။

ဒီနောက်မှာတော့ အလောင်းကို အက်စစ်နဲ့ ပျော်သွားအောင်လုပ်ပြီး တဖြည်းဖြည်း စောင့်ကြည့်နေကြတာ ဖြစ်ပြီး ပုပ်သိုးပြီးထွက်လာမယ့် အနံ့ကိုလည်း ဖုံးသွားအောင် လုပ်ထားခဲ့ကြပါတယ်။



၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွါးခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်လို့ အသက် ၁၉ နှစ်ကနေ ၂၃ နှစ်အရွယ်တွေဖြစ်တဲ့ ကျောင်းသားသုံးယောက်ကို ၂၀၁၆ခုနှစ် ဇန်န၀ါရီလထဲမှာ ဥပဒေနဲ့အညီ အရေးယူနေပြီလို့ သိရပါတယ်။

ဘာသာပြန် ။  ။ နန်းမောက်ကွမ်
Ref; yaklai
--------------------------

( unicode )

ပြင်သစ်နိုင်ငံက အသက် ၂၃ နှစ်အရွယ် အနုပညာ သမိုင်းဘာသာရပ် သင်ယူနေတဲ့ ကျောင်းသူ တစ်ဦး သူနေထိုင်ရာ တူးလု(စ်)မြို့က တိုက်ခန်းမှာပဲ အမေရိကန် တီဗွီ ဇာတ်လမ်းတွဲဖြစ်တဲ့ မြနေုငညာြေိ ဇာတ်ဝင်ခန်းထဲက အတိုင်း သတ်ပြီးအလောင်းကို အက်စစ်စိမ်ထားခံရတာကို ရဲတပ်ဖွဲ့တွေ တွေ့လိုက်ရပါတယ်။

အလောင်းဟာ အက်စစ်ထဲမှာ ၁၀ ရက်လောက် စိမ်ထားခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး အသက် ၂၃ နှစ်အရွယ် ကျောင်းသူ လြ သြေကမျနကေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း သုံးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

လြ သြေကမျနကေ က သူတို့ဆီမှာ မူးယစ်ဆေးဝါးဖိုး ယူရို (၄၂၅၀) ပေးဖို့အကြွေးရှိနေတာကြောင့် နာမည်ကြီး ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းအတိုင်း လူသတ်ပြီး အလောင်းကို ပလပ်စတစ်ပုံး အကောင်းစားထဲမှာ အက်စစ်နဲ့ ပျော်သွားအောင် ကြံစည်ကြတာလို့ သိရပါတယ်။

နာမည်ကြီး ဇာတ်ဝင်ခန်းထဲမှာ သတ္တုကို အရည်ပျော်သွားအောင် အဓိက ပလပ်စတစ်နဲ့ အက်စစ် လိုအပ်တယ်လို့ ဆိုထားတဲ့ အတိုင်း အက်စစ်နဲ့ ပလပ်စတစ်ပုံး အကောင်းစားဝယ်လာပြီး သူတို့ကြိုးစားပြီး လုပ်ကြတယ်လို့ တရားခံတစ်ယောက်က ဝန်ခံထားပါတယ်။

ဒီကျောင်းသား (၃)ယောက်လုံးဟာ ကျောင်းမှာ စာအတော်ဆုံးလို့ ချီးကျူးခံကြရတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့သုံးယောက်ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ကြတဲ့ အပြင် တခြားကျောင်းသားတွေကိုလည်း မူးယစ်ဆေးအရောင်းအဝယ် လုပ်ကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာ သမိုင်းအနုပညာ ဘာသာရပ်သင်ယူနေတဲ့ ကျောင်းသူ လြ သြေကမျနကေ ဆီက အကြွေးသွားတောင်းရာမှ သူမက မပေးနိုင်တာကြောင့် သံတူရွင်းနဲ့ သတ်ပစ်လိုက်တာလို့ သိရပါတယ်။

ဒီနောက်မှာတော့ အလောင်းကို အက်စစ်နဲ့ ပျော်သွားအောင်လုပ်ပြီး တဖြည်းဖြည်း စောင့်ကြည့်နကြေတာ ဖြစ်ပြီး ပုပ်သိုးပြီးထွက်လာမယ့် အနံ့ကိုလည်း ဖုံးသွားအောင် လုပ်ထားခဲ့ကြပါတယ်။

ဒါ့အပြင် သူမအခန်းထဲက တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ခိုးယူသွားကြတာပါ။ ဒါပေမဲ့ သူတို့စီစဉ်တဲ့အတိုင်း အလောင်းက အက်စစ်ထဲမှာ အကုန်ပျော်မသွားတာကနေ ဒီအမှုပေါ်လာတာဖြစ်ပါတယ်။

သူမအမေက အဆက်အသွယ်မရတဲ့အတွက် သမီးဖြစ်သူ အခန်းကို လာကြည့်တဲ့အခါ သူ့သမီးအလောင်းဟာ ပလတ်စတစ်ပုံးထဲမှာ တဖြည်းဖြည်းချင်း အရည်ပျော်နေတာကို တွေ့လိုက်ရတာပါ။

၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်လို့ အသက် ၁၉ နှစ်ကနေ ၂၃ နှစ်အရွယ်တွဖြေစ်တဲ့ ကျောင်းသားသုံးယောက်ကို ၂၀၁၆ခုနှစ် ဇန်နဝါရီလထဲမှာ ဥပဒေနဲ့အညီ အရေးယူနပြေီလို့ သိရပါတယ်။

ဘာသာပြန်။ နန်းမောက်ကွင်္မ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net