ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် ဇန်န၀ါရီလအတွင်း အအေးလွန်ကဲရာမှ နေအိမ်များ အလုံပိတ်ကာ မီးလှုံကြသဖြင့် ကာဗွန်အဆိပ်ငွေ့ကြောင့် အသက်ရှုကြပ်ဝေဒနာ ခံစားရ၍ ဆေးကုသမှုခံယူနေကြသော ဝေဒနာရှင်ပေါင်း (၁၁၃)ဦးခန့်ရှိပြီဖြစ်ကြောင်း၊ မီးလှုံပါက အခန်းများ လေ၀င်လေထွက်ကောင်းရန် အပေါက်များဖွင့်ထားသင့်ကြောင်း၊ မီးခိုငွေ့များကို ရှူမိလျှင် အသက်ရှူကျက်ခြင်း ၊ချောင်းဆိုးခြင်း ၊နှာစေးခြင်း၊မူးဝေခြင်းများဖြစ်ပွားဖြစ်မည်ဖြစ်ကြောင်း ၎င်းမှပြောသည်။
"အခန်းအလှုံပိတ်ပြီး မီးလှုံတဲ့ အတွက် အခန်းထဲက အောက်ဆီဂျင်တွေက လောင်ကျွမ်းသွားမယ် အသက်ရှုတဲ့အတွက်လဲ ကုန်သွယ်မယ် ဒီလို အပြင်က အောက်ဆီဂျင်ဝင်စရာမရှိတော့ရင် နောက်ဆုံး လူပါ အသက်သေဆုံးနိုင်တယ်"ဟု အောင်ဆေးခန်းမှ ဒေါက်တာမြင့်အောင်မှပြောသည်။
ယခုခေတ်တွင် နေအိမ်အတွင်း မီးဖိုဖြင့် မီးလှုံခြင်းထက် လျှက်စစ် Header အပူပေးစက်များ အမျိုးအစားမျိုးစုံထွက်ပေါ်လျှက်ရှိရာ ဘေးထွက်ဆိုးကြိုးမရှိသည့်အတွက် မီးဖိုခြင်းထက် ပိုသုံးသင့်ကြောင်း၊ မီးဖိုပါကလဲ အခန်းအလုံပတ်ခြင်းမျိုမပြုလုပ်ဘဲ လေ၀င်လေထွက်ထားရှိသင့်ကြောင်း၊ အနောက်နိုင်ငံမှ နေအိမ်တွင် မီးလင်းဖိုများမှ မီးခိုးငွေ့အပြင်ထွက်စေရန် ပြုလုပ်ထားသဖြင့် အဆိပ်သင့်မှုဖြစ်ပွားခြင်းမရှိကြောင်း ၎င်းမှပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသခံတိုင်းရင်းသား အများစုမှ နေအိမ် ဧည့်ခန်းများတွင် မီးဖိုများ ထားရှိကာ မီးလှုံခြင်းပြုလုပ်မှုမှာ ယဉ်ကျေးမှု အစဉ်အလာဖြစ်သဖြင့်၊ အခန်းတွင်း လေ၀င်လေထွက်ကောင်းရန်သာ ပြုလုပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်များမှ အကြံပေးပြောကြားထားကြောင်းသိရသည်။