တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ ခရီးသြားနည္း၍ ယာဥ္စီးေရေလွ်ာ့ခ်ေျပးဆြဲလာ

တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ ခရီးသြားနည္း၍ ယာဥ္စီးေရေလွ်ာ့ခ်ေျပးဆြဲလာ
ဖေဖော်ဝါရီ 5, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ - ေတာင္ႀကီး ခရီးသည္ယာဥ္လိုင္းမ်ားတြင္ ဇန္နဝါရီလကုန္ပိုင္း အတြင္း တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ ခရီးသည္ အဝင္နည္းလာသျဖင့္ ယာဥ္စီးေရ ေလွ်ာ့ခ် ေျပးဆြဲလာရေၾကာင္း တာခ်ီလိတ္ ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္မႈ ေကာ္မတီမွ သိရသည္။

ထိုင္းႏိုင္ငံအတြင္းမွ အလုပ္သမားမ်ား ေနရပ္ျပန္သည့္ ကာလတြင္သာ တာခ်ီလိတ္မွ ေတာင္ႀကီးသို႔ သြားသည့္ ယာဥ္လိုင္းမ်ားတြင္ ခရီးသည္မ်ားေလ့ရိွေၾကာင္း သိရသည္။

"ထိုင္းႏိုင္ငံနဲ႔ တာခ်ီလိတ္မွာ ႏိုင္ငံအႏ႔ွံက လာအလုပ္လုပ္တဲ့ သူေတြမ်ားတဲ့အတြက္ တာခ်ီလိတ္ အ၀င္ခရီးသည္ မ်ားတာ။ ခရီးသြားမႈေတာ့ က်ဆင္းသြားတယ္။ အရင္ကေလာက္ ယာဥ္လိုင္းေတြ မထြက္ရေတာ့ဘူး"ဟု ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္မႈေကာ္မတီ ဥကၠဌ ဦးစ၀္စိုးလင္းက ေျပာသည္။

၂၀၁၅ ခုႏွစ္ အစပိုင္းတြင္ ယာဥ္လိုင္းအားလံုးမွ ယာဥ္စီးေရ တစ္ရက္လွ်င္ ပ်မ္းမွ် အစီး(၂၀)၀န္းက်င္ခန္႔ ေျပးဆြဲရေသာ္လည္း တျဖည္းျဖည္း ခရီးသည္ ပါးလာသည့္အတြက္ ၂၀၁၆ ဇန္န၀ါရီလအတြင္း တစ္ရက္လွ်င္ ပ်မ္းမွ် (၁၅) စီးခန္႔သာ ေျပးဆြဲႏိုင္ေတာ့ေၾကာင္း ၎ထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ ဟိုက္အိတ္(Hiace)မွန္လုံအေသးကားမွာေတာ့ လူ(၁၄)ဦးပဲ တင္ပါတယ္။ အရင္ကဆို ကားတစ္ေခါက္ထြက္ရင္ (၁၄) ဦး အျပည့္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့(၈)ဦး ၊ (၉) ဦးနဲ႔လည္း ထြက္ျဖစ္တာလည္း ရွိပါတယ္။ သာမန္ဆို ကၽြန္ေတာ္တို႔ ကားလိုင္းအေနနဲ႔ ကားတစ္စီးကို တစ္လ (၄)ေခါက္ေလာက္ ထြက္ျဖစ္တယ္။ အခုေတာ့ (၂) ေခါက္ပဲ။ အမ်ားဆံုးထြက္ရမွ (၃)ေခါက္ေပါ့"ဟု ေရႊျပည္ေတာ္ ကားေလးလိုင္းမွ ကိုရဲသူႏိုင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အေ၀းေျပးခရီးသည္ပို႔သည့္ အျမန္ယာဥ္ငယ္ လိုင္း(၂၅)လိုင္း ရွိၿပီး က်ိဳင္းတုံ ၊ ေတာင္ႀကီး၊ မိတၳီလာသို႔ အဓိကေျပးဆြဲလွ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္မႈ ေကာ္မတီမွ သိရသည္။
*****************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် - တောင်ကြီး ခရီးသည်ယာဉ်လိုင်းများတွင် ဇန်နဝါရီလကုန်ပိုင်း အတွင်း တာချီလိတ်မှ တောင်ကြီးသို့ ခရီးသည် အဝင်နည်းလာသဖြင့် ယာဉ်စီးရေ လျှော့ချ ပြေးဆွဲလာရကြောင်း တာချီလိတ် မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု ကော်မတီမှ သိရသည်။

ထိုင်းနိုင်ငံအတွင်းမှ အလုပ်သမားများ နေရပ်ပြန်သည့် ကာလတွင်သာ တာချီလိတ်မှ တောင်ကြီးသို့ သွားသည့် ယာဉ်လိုင်းများတွင် ခရီးသည်များလေ့ရှိကြောင်း သိရသည်။

"ထိုင်းနိုင်ငံနဲ့ တာချီလိတ်မှာ နိုင်ငံအနှံ့က လာအလုပ်လုပ်တဲ့ သူတွေများတဲ့အတွက် တာချီလိတ် အဝင်ခရီးသည် များတာ။ ခရီးသွားမှုတော့ ကျဆင်းသွားတယ်။ အရင်ကလောက် ယာဉ်လိုင်းတွေ မထွက်ရတော့ဘူး"ဟု မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးစဝ်စိုးလင်းက ပြောသည်။

၂၀၁၅ ခုနှစ် အစပိုင်းတွင် ယာဉ်လိုင်းအားလုံးမှ ယာဉ်စီးရေ တစ်ရက်လျှင် ပျမ်းမျှ အစီး(၂၀)ဝန်းကျင်ခန့် ပြေးဆွဲရသော်လည်း တဖြည်းဖြည်း ခရီးသည် ပါးလာသည့်အတွက် ၂၀၁၆ ဇန်နဝါရီလအတွင်း တစ်ရက်လျှင် ပျမ်းမျှ (၁၅) စီးခန့်သာ ပြေးဆွဲနိုင်တော့ကြောင်း၎င်းထံမှ သိရသည်။

"ကျွန်တော်တို့ ဟိုက်အိတ်(Hiace)မှန်လုံအသေးကားမှာတော့ လူ(၁၄)ဦးပဲ တင်ပါတယ်။ အရင်ကဆို ကားတစ်ခေါက်ထွက်ရင် (၁၄) ဦး အပြည့်ပါတယ်။ အခုနောက်ပိုင်းမှာတော့(၈)ဦး၊ (၉) ဦးနဲ့လည်း ထွက်ဖြစ်တာလည်း ရှိပါတယ်။ သာမန်ဆို ကျွန်တော်တို့ ကားလိုင်းအနေနဲ့ ကားတစ်စီးကို တစ်လ (၄)ခေါက်လောက် ထွက်ဖြစ်တယ်။ အခုတော့ (၂) ခေါက်ပဲ။ အများဆုံးထွက်ရမှ (၃)ခေါက်ပေါ့"ဟု ရွှပြေည်တော် ကားလေးလိုင်းမှ ကိုရဲသူနိုင်က ပြောသည်။

တာချီလိတ်မြို့တွင် အေဝးပြေးခရီးသည်ပို့သည့် အမြန်ယာဉ်ငယ် လိုင်း(၂၅)လိုင်း ရှိပြီး ကျိုင်းတုံ၊ တောင်ကြီး၊ မိတ္ထီလာသို့ အဓိကပြေးဆွဲလျှက်ရှိကြောင်း တာချီလိတ်မြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်မှု ကော်မတီမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~