ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတုံၿမိဳ႕တြင္ ရုပ္သံစေလာင္းအသုံးျပဳသူ မ်ားလာေသာေၾကာင့္ ဗီြဒီယိုေခြငွားဆိုင္မ်ား တျဖည္းျဖည္း ေလ်ာ့နည္းလာေၾကာင္း သိရသည္။
"အခုက စေလာင္းအေသးေတြ သုံးတာမ်ားလာတယ္။ ၿပီးရင္ ႐ုပ္သံလိုင္းေတြကလည္း တစ္ရက္ကို ျမန္မာ႐ုပ္႐ွင္တစ္ကားစီ လာေနေတာ့ ေခြက လာမငွားၾကေတာ့ဘူး။ ဒါေၾကာင့္ ဗြီဒီယိုေခြအငွားဆိုင္ေတြ တျဖည္းျဖည္းနည္းလာတာပါ"ဟု ျမန္မာႏိုင္ငံ ႐ုပ္႐ွင္အစည္းအ႐ုံး ႐ွမ္း(အေ႐ွ႕) ဥကၠဌ ဦးစိုင္းဆိုင္ခမ္းက ေျပာသည္။
ယခုလက္ရိွတြင္ ေခြအငွားဆိုင္မ်ားသို႔ တစ္ရက္လွ်င္ ႐ုပ္႐ွင္ကားသစ္တစ္ကားႏႈန္း ျဖန္႔ခ်ိလွ်က္႐ိွၿပီး တစ္ကားလွ်င္ က်ပ္(၃၀၀၊ ၅၀၀၊ ၆၀၀) စသည္ျဖင့္ ေစ်းႏႈန္းသုံးမ်ိဳးျဖင့္ ငွားရမ္းေပးလွ်က္ရိွေၾကာင္း ၎ထံမွ သိရသည္။
“အရင္တုန္းကေတာ့ ဗီြဒီယိုေခြေတြကို ေန႔တိုင္းပံုမွန္ ငွားၾကည့္ျဖစ္ပါတယ္။ အခုေနာက္ပိုင္းက်ေတာ့ စေလာင္းေတြကလာတဲ့ ရုပ္သံလိုင္းေတြမွာ က႑ေပါင္းစံုကို တစ္ေနရာတည္းမွာ ၾကည့္လို႔ရတဲ့အတြက္ ေခြမငွားျဖစ္ေတာ့ဘူး”ဟု က်ိဳင္းတံုၿမိိဳ႕မွ ကိုရဲဲရင့္မင္းသြင္က ေျပာသည္။
က်ိဳင္းတုံၿမိဳ႕တြင္ ၂၀၁၃ ခုႏွစ္က ဗီြဒီယို႐ုပ္႐ွင္ေခြအငွားဆိုင္ေပါင္း (၆၀)ရိွခဲ့ရာမွ ၂၀၁၆ ခုႏွစ္တြင္ (၁၅)ဆိုင္သာ က်န္ရိွေတာ့ေၾကာင္း သိရသည္။
က်ိဳင္းတုံၿမိဳ႕ရိွ ဗီြဒီယိုရုပ္ရွင္ေခြငွားဆိုင္မ်ားတြင္ ဖန္စီဇာတ္ကားမ်ားကို အမ်ားဆံုးငွားရၿပီး ေသာၾကာေန႔ႏွင့္ ႐ုံးပိတ္ရက္မ်ားတြင္ အေခြ(၂၀)ခန္႔ငွားရမ္းရၿပီး က်န္ေန႔မ်ားတြင္ (၁၅)ေခြခန္႔သာ ငွားရမ္းရေၾကာင္း သိရသည္။
သတင္။ ။ ဇြဲျမတ္
*****************
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရုပ်သံစလောင်းအသုံးပြုသူ များလာသောကြောင့် ဗွီဒီယိုခွေငှါးဆိုင်များ တဖြည်းဖြည်း လျော့နည်းလာကြောင်း သိရသည်။
"အခုက စလောင်းအသေးတွေ သုံးတာများလာတယ်။ ပြီးရင် ရုပ်သံလိုင်းတွေကလည်း တစ်ရက်ကို မြန်မာရုပ်ရှင်တစ်ကားစီ လာနေတော့ ခွေက လာမငှါးကြတော့ဘူး။ ဒါကြောင့် ဗွီဒီယိုခွေအငှါးဆိုင်တွေ တဖြည်းဖြည်းနည်းလာတာပါ"ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရှမ်း(အရှေ့) ဥက္ကဌ ဦးစိုင်းဆိုင်ခမ်းက ပြောသည်။
ယခုလက်ရှိတွင် ခွေအငှါးဆိုင်များသို့ တစ်ရက်လျှင် ရုပ်ရှင်ကားသစ်တစ်ကားနှုန်း ဖြန့်ချိလျှက်ရှိပြီး တစ်ကားလျှင် ကျပ်(၃၀၀၊ ၅၀၀၊ ၆၀၀) စသည်ဖြင့် ဈေးနှုန်းသုံးမျိုးဖြင့် ငှါးရမ်းပေးလျှက်ရှိကြောင်း၎င်းထံမှ သိရသည်။
“အရင်တုန်းကတော့ ဗွီဒီယိုခွေတွေကို နေ့တိုင်းပုံမှန် ငှါးကြည့်ဖြစ်ပါတယ်။ အခုနောက်ပိုင်းကျတော့ စလောင်းတွေကလာတဲ့ ရုပ်သံလိုင်းတွေမှာ ကဏ္ဍပေါင်းစုံကို တစ်နေရာတည်းမှာ ကြည့်လို့ရတဲ့အတွက် ခွေမငှါးဖြစ်တော့ဘူး”ဟု ကျိုင်းတုံမြို့မှ ကိုရဲရင့်မင်းသွင်က ပြောသည်။
ကျိုင်းတုံမြို့တွင် ၂၀၁၃ ခုနှစ်က ဗွီဒီယိုရုပ်ရှင်ခွေအငှါးဆိုင်ပေါင်း (၆၀)ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် (၁၅)ဆိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ရှိ ဗွီဒီယိုရုပ်ရှင်ခွေငှါးဆိုင်များတွင် ဖန်စီဇာတ်ကားများကို အများဆုံးငှါးရပြီး သောကြာနေ့နှင့် ရုံးပိတ်ရက်များတွင် အခွေ(၂၀)ခန့်ငှါးရမ်းရပြီး ကျန်နေ့များတွင် (၁၅)ခွေခန့်သာ ငှါးရမ်းရကြောင်း သိရသည်။
သတင်။ ဇွဲမြတ်