အိႏိၵယနိုင္ငံအေနာက္ပိုင္း ဂူဂ်ာရတ္ျပည္နယ္က ရွရီရာဒါဂ်ီဆိုတဲ့ ၁၂ ႏွစ္အရြယ္မိန္းကေလး တစ္ေယာက္ နားကိုက္တဲ့ဒဏ္ေၾကာင့္ ေဆးရံုလာျပရာမွ နားထဲက ပုရြက္ဆိတ္ေတြကို ေတြ႕လိုက္ရတယ္လို႔ သိရပါတယ္။
ဒီလိုစျဖစ္တာကေတာ့ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ကတည္းကျဖစ္ၿပီး ရွရီရာက သူ႔နားကိုက္တယ္လို႔ မိဘေတြကို ေျပာရာမွာ ပုရြက္ဆိတ္ေတြက နားႏွစ္ဖက္က ထြက္လာတာကို သူ႔မိဘေတြ သတိထားမိသြားတာပါ။ ဒါေၾကာင့္ ေဆးရံုကိုအျမန္သြားျပၾကရာမွာ ရွရီရာရဲ႕နားထဲမွာ ပုရြက္ဆိတ္ေတြ အမ်ားႀကီး ရိွေနတာကိုု ဆရာဝန္ေတြ ေတြ႕သြားခဲ့ပါတယ္။
ေဆးရံုမွာ ဆရာဝန္ေတြက ရာဂဏန္းေလာက္ရိွတဲ့ပုရြက္ဆိတ္ေတြကို နားထဲက ဖယ္ေပးခဲ့ေပမဲ့ အခုတဖန္ အေကာင္ေတြပြားေနခဲ့တာကို ေတြ႔လိုက္ရတာပါ။
ဂူဂ်ာရတ္ျပည္နယ္ရဲ႕ နားႏွာေခါင္းလည္ေခ်ာင္းခြဲစိတ္ဌာနက ေဒါက္တာ ဂ်ဝါဟာတလ္ဆန္နီက ရွရီရာ့နားကို ပုရြက္ဆိတ္ေတြရွင္းေပးၿပီး ေဆးထည့္ေပးလိုက္ေပမဲ့ အေကာင္ေတြ ဆက္ပြားလာခဲ့တာလို႔ သိရပါတယ္။
ဆရာဝန္က နားတြင္းၾကည့္တဲ့ ကင္မရာအသံုးျပဳၿပီး နားထဲမွာ ပုရြတ္ဆိတ္ဥေတြ က်န္မေနေအာင္နဲ႔ ပုရြက္ဆိတ္ေသေတြကိို ဖယ္ရွားေပးခဲ့တာေတြ လုပ္ေပးခဲ့တာလို႔ သိရပါတယ္။
“ဒီမိန္းကေလးရဲ႕ျဖစ္ရပ္ကေတာ့ အေတာ္ႀကီးကို စိန္ေခၚမႈမ်ားတဲ့ ကုသမႈပါပဲ။ ကၽြန္ေတာ့္အေနနဲ႔ ေရာ ေဆးပညာသမိုင္းမွာပါ ဒါမ်ိဳးက မေတြ႔ဖူးဘူး”လို႔ ဆရာဝန္ကဆိုပါတယ္။
ဆရာဝန္ေတြဟာ မိန္းကေလးကို CT Scan နဲ႔ စစ္ေဆးတာအပါအဝင္ တစ္ကိုယ္လံုးကို က်န္းမာေရး စစ္ေဆးမႈေတြလုပ္ရာမွာလည္း အားလံုးက ပံုမွန္အတိုင္းရိွေနတယ္လို႔ဆိုပါတယ္။
အံ့ၾသစရာေကာင္းတာက ဒီမိန္းကေလးရဲ႕ နားရြက္အတြင္းပိုင္းမွာ ပုုရြက္ဆိတ္ေတြ ရိွေနေပမဲ့ နားအတြင္းပိုင္း ပ်က္စီးတာမ်ိဳးမရိွဘူးလို႔ ဆိုပါတယ္။ ဆရာဝန္ေတြ စဥ္းစားရခက္ေနခ်ိန္မွာပဲ ရွရီရာ့မိဘေတြလည္း အလုပ္မ်ားေနၾကတာပါ။ သူတို႔သမီးေရာဂါအတြက္ တိုင္းရင္းေဆးမ်ိဳးစံုကိုလည္း ရွာေဖြေနၾကတာပါ။
“ကၽြန္ေတာ္ လုပ္ႏိုင္သမွ် အားလံုးလုပ္ၿပီးၿပီ။ သူ႔ကို အေကာင္းဆံုးဆရာဝန္ေတြဆီလည္း ေခၚသြားၿပီးၿပီ။ အားလံုးေကာင္းလာဖို႔ပဲ ေမွ်ာ္လင့္ပါတယ္”လို႔ သူမရဲ႕ဖခင္ျဖစ္တဲ့ ဆန္ေဂ်းဒါဂ်ီက ဆိုပါတယ္။
ရွရီရာရဲ႕မိဘေတြကေတာ့ သူမရဲ႕ပညာေရးကို ထိခိုက္မွာကို စိုးရိမ္ေနတာပါ။ ဒီျဖစ္ရပ္ေၾကာင့္ ရွရီရာလည္း ေက်ာင္းခဏခဏပ်က္ရသလိုု တျခားကေလးေတြနဲ႔ ပတ္ဝန္းက်င္ကလူေတြ စေနာက္ၾကတာေၾကာင့္ ရွရီရာအတြက္ ပိုဆိုးလာေနတယ္လို႔ ဆိုပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; Daily Mail , khaosod
**************
( unicode )
အိနိ္ဒယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က ရှရီရာဒါဂျီဆိုတဲ့ ၁၂ နှစ်အရွယ်မိန်းကလေး တစ်ယောက် နားကိုက်တဲ့ဒဏ်ကြောင့် ဆေးရုံလာပြရာမှ နားထဲက ပုရွက်ဆိတ်တွေကို တွေ့လိုက်ရတယ်လို့ သိရပါတယ်။
ဒီလိုစဖြစ်တာကတော့ ၂၀၁၅ ခုနှစ် သြဂုတ်လ ကတည်းကဖြစ်ပြီး ရှရီရာက သူ့နားကိုက်တယ်လို့ မိဘတွေကို ပြောရာမှာ ပုရွက်ဆိတ်တွေက နားနှစ်ဖက်က ထွက်လာတာကို သူ့မိဘတွေ သတိထားမိသွားတာပါ။ ဒါကြောင့် ဆေးရုံကိုအမြန်သွားပြကြရာမှာ ရှရီရာရဲ့နားထဲမှာ ပုရွက်ဆိတ်တွေ အများကြီး ရှိနေတာကို ဆရာဝန်တွေ တွေ့သွားခဲ့ပါတယ်။
ဆေးရုံမှာ ဆရာဝန်တွေက ရာဂဏန်းလောက်ရှိတဲ့ပုရွက်ဆိတ်တွေကို နားထဲက ဖယ်ပေးခဲ့ပေမဲ့ အခုတဖန် အကောင်တွေပွားနေခဲ့တာကို တွေ့လိုက်ရတာပါ။
ဂူဂျာရတ်ပြည်နယ်ရဲ့ နားနှာခေါင်းလည်ချောင်းခွဲစိတ်ဌာနက ဒေါက်တာ ဂျဝါဟာတလ်ဆန်နီက ရှရီရာ့နားကို ပုရွက်ဆိတ်တွေရှင်းပေးပြီး ဆေးထည့်ပေးလိုက်ပေမဲ့ အကောင်တွေ ဆက်ပွားလာခဲ့တာလို့ သိရပါတယ်။
ဆရာဝန်က နားတွင်းကြည့်တဲ့ ကင်မရာအသုံးပြုပြီး နားထဲမှာ ပုရွတ်ဆိတ်ဥတွေ ကျန်မနေအောင်နဲ့ ပုရွက်ဆိတ်သေတွေကို ဖယ်ရှားပေးခဲ့တာတွေ လုပ်ပေးခဲ့တာလို့ သိရပါတယ်။
“ဒီမိန်းကလေးရဲ့ဖြစ်ရပ်ကတော့ အတော်ကြီးကို စိန်ခေါ်မှုများတဲ့ ကုသမှုပါပဲ။ ကျွန်တော့်အနေနဲ့ ရော ဆေးပညာသမိုင်းမှာပါ ဒါမျိုးက မတွေ့ဖူးဘူး”လို့ ဆရာဝန်ကဆိုပါတယ်။
ဆရာဝန်တွေဟာ မိန်းကလေးကို CT Scan နဲ့ စစ်ဆေးတာအပါအဝင် တစ်ကိုယ်လုံးကို ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ရာမှာလည်း အားလုံးက ပုံမှန်အတိုင်းရှိနေတယ်လို့ဆိုပါတယ်။
အံ့သြစရာကောင်းတာက ဒီမိန်းကလေးရဲ့ နားရွက်အတွင်းပိုင်းမှာ ပုရွက်ဆိတ်တွေ ရှိနေပေမဲ့ နားအတွင်းပိုင်း ပျက်စီးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဆရာဝန်တွေ စဉ်းစားရခက်နေချိန်မှာပဲ ရှရီရာ့မိဘတွေလည်း အလုပ်များနကြေတာပါ။ သူတို့သမီးရောဂါအတွက် တိုင်းရင်းဆေးမျိုးစုံကိုလည်း ရှာဖွေနကြေတာပါ။
“ကျွန်တော် လုပ်နိုင်သမျှ အားလုံးလုပ်ပြီးပြီ။ သူ့ကို အကောင်းဆုံးဆရာဝန်တွေဆီလည်း ခေါ်သွားပြီးပြီ။ အားလုံးကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်”လို့ သူမရဲ့ဖခင်ဖြစ်တဲ့ ဆန်ဂျေးဒါဂျီက ဆိုပါတယ်။
ရှရီရာရဲ့မိဘတွေကတော့ သူမရဲ့ပညာရေးကို ထိခိုက်မှာကို စိုးရိမ်နေတာပါ။ ဒီဖြစ်ရပ်ကြောင့် ရှရီရာလည်း ကျောင်းခဏခဏပျက်ရသလို တခြားကလေးတွေနဲ့ ပတ်ဝန်းကျင်ကလူတွေ စနောက်ကြတာကြောင့် ရှရီရာအတွက် ပိုဆိုးလာနေတယ်လို့ ဆိုပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; Daily Mail , khaosod