Miss Golden Land Myanmar 2016 အတြက္ ရွမ္းျပည္နယ္ေတာင္ပိုင္းကိုယ္စားျပဳ Miss မတ္လတြင္ ေရြးခ်ယ္မည္

Miss Golden Land Myanmar 2016 အတြက္ ရွမ္းျပည္နယ္ေတာင္ပိုင္းကိုယ္စားျပဳ Miss မတ္လတြင္ ေရြးခ်ယ္မည္
ဖေဖော်ဝါရီ 22, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ေဖေဖာ္၀ါရီလ(၂၂)။     ။ ရွမ္းျပည္နယ္ေတာင္ပိုင္းကိုယ္စားျပဳ Miss Golden Land Southern Shan State 2016 ေရြးခ်ယ္ပြဲအား မတ္လ (၆)ရက္ေန႔တြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမဳိ႕တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Miss ေရြးခ်ယ္ပြဲဝင္ရမည့္ ဆန္ခါတင္ Miss (၁၉) ဦးသည္ မတ္လ (၅) ရက္ေန႔တြင္ ရွမ္းရိုးရာ ဝတ္စံုၿပိဳင္ပြဲႏွင့္ Talent Show အား ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။

"ရွမ္းျပည္နယ္က တကယ့္ကို ေခ်ာေမာလွပၿပီး အရည္အခ်င္းျပည့္ဝတဲ့ Miss တစ္ဦး ျမန္မာႏိုင္ငံ ကေပၚထြက္ၿပီး ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံရဲ႕ အလွအပေတြကိုျပန္လည္ၿပီးေတာ့ ေဖာ္ျပႏိုင္ေအာင္၊ ၿပီးေတာ့ ရွမ္းျပည္နယ္ရဲ႕ပရဟိတလုပ္ငန္းေတြကို အက်ဳိးျပဳႏိုင္မယ့္ ျမန္မာအမ်ဳိးသမီးေကာင္းတစ္ဦး ေမြးထုတ္ေပးခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ က်င္းပတာပါ"ဟု Miss Golden Land Southern Shan State 2016 ၿပဳိင္ပြဲ၏ organizer ျဖစ္သူ ကိုမ်ဳိးမင္းဦးက ေျပာသည္။

Miss ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အလွမယ္(၁၉)ဦးတြင္ ေတာင္ႀကီးတကၠသိုလ္ႏွင့္ နည္းပညာတကၠသိုလ္မွ ေက်ာင္းသူမ်ားလည္းပါဝင္ေၾကာင္း သိရသည္။

Miss Golden Land Southern Shan State 2016 စကာတင္အျဖစ္ ေရြးခ်ယ္ခံရသည့္ (၁၉)ဦးမွာ နန္းသလင္းၾကည္၊လဲ့ၿဖိဳးဟန္၊ ခက္ခက္ဇာ၊ နန္းေရႊဟန္၊ ေမသက္ေက်ာ္၊ ေမသဇင္ျမင့္၊ ခ်မ္းေျမ႕ရတီ၊ ဇြန္သက္ငံုဖူး၊ နန္းယမင္း၊ နန္းေခ်ာအိသိန္း၊ ႏွင္းႏု၊ ေမယံုၾကည္၊ နန္းေမြလႈိင္း၊ နန္းမြန္းရွဲန္၊ အိန္ဂ်ယ္၊ မြန္းရႈိင္း၊ ယြန္းေမလံု၊ ခင္ပန္းျမတ္သြယ္ႏွင့္ သဲဂ်ဴလိုင္မ်ိဳးတို႔ျဖစ္ၾကသည္။

Miss Golden Land Southern Shan State  2016 အျဖစ္ ေရြးခ်ယ္ခံရသူသည္ ရန္ကုန္ၿမိဳ႕တြင္ က်င္းပမည့္ Miss Golden Land Myanmar 2016 ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမည္ျဖစ္သည္။

သတင္း။  ။ မင္းမင္း(ေတာင္ႀကီး)
*******************

( unicode )

ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု Miss Golden Land Southern Shan State 2016 ရွေးချယ်ပွဲအား မတ်လ (၆)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Miss ရွေးချယ်ပွဲဝင်ရမည့် ဆန်ခါတင် Miss (၁၉) ဦးသည် မတ်လ (၅) ရက်နေ့တွင် ရှမ်းရိုးရာ ဝတ်စုံပြိုင်ပွဲနှင့် Talent Show အား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

"ရှမ်းပြည်နယ်က တကယ့်ကို ချောမောလှပပြီး အရည်အချင်းပြည့်ဝတဲ့ Miss တစ်ဦး မြန်မာနိုင်ငံ ကပေါ်ထွက်ပြီး နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ အလှအပတွေကိုပြန်လည်ပြီးတော့ ဖော်ပြနိုင်အောင်၊ ပြီးတော့ ရှမ်းပြည်နယ်ရဲ့ပရဟိတလုပ်ငန်းတွေကို အကျိုးပြုနိုင်မယ့် မြန်မာအမျိုးသမီးကောင်းတစ်ဦး မွေးထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ"ဟု Miss Golden Land Southern Shan State 2016 ပြိုင်ပွဲ၏ organizer ဖြစ်သူ ကိုမျိုးမင်းဦးက ပြောသည်။

Miss ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်(၁၉)ဦးတွင် တောင်ကြီးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသူများလည်းပါဝင်ကြောင်း သိရသည်။

Miss Golden Land Southern Shan State 2016 စကာတင်အဖြစ် ရွေးချယ်ခံရသည့် (၁၉)ဦးမှာ နန်းသလင်းကြည်၊လဲ့ဖြိုးဟန်၊ ခက်ခက်ဇာ၊ နန်းရွှေဟန်၊ မေသက်ကျော်၊ မေသဇင်မြင့်၊ ချမ်းမြေ့ရတီ၊ ဇွန်သက်ငုံဖူး၊ နန်းယမင်း၊ နန်းချောအိသိန်း၊ နှင်းနု၊ မေယုံကြည်၊ နန်းမွေလှိုင်း၊ နန်းမွန်းရှဲန်၊ အိန်ဂျယ်၊ မွန်းရှိုင်း၊ ယွန်းမေလုံ၊ ခင်ပန်းမြတ်သွယ်နှင့် သဲဂျူလိုင်မျိုးတို့ဖြစ်ကြသည်။

Miss Golden Land Southern Shan State 2016 အဖြစ် ရွေးချယ်ခံရသူသည် ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Golden Land Myanmar 2016 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

သတင်း။ မင်းမင်း(တောင်ကြီး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~