တာချီလိတ်၊ ဧပြီ(၁၂)
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၁၂ ရက် နံနက်(၈)နာရီ အချိန်က ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ၀င်ရောက်ရှာဖွေရာ Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြားပေါင်း (၃,၁၆၀)ပြားနှင့် မက်သာအက်ဖီတမင်း(အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၀.၁)ဂရမ်ခန့်၊ ဘိန်းစိမ်းအညိုရောင်အစေး အလေးချိန် (၁၂၆.၃၃)ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ပြောင်းရှည်(၁)ခု၊ စတီးဗန်း(၁)ခု၊ မီးစာခွက်(၁)ခု၊ မီးစာခွက်အဖုံး(၁)ခု၊ ဘိန်းခြစ်တံ (၁)ချောင်း၊ ဂက်စ်မီးခြစ်(၁)လုံးတို့အား သိမ်းဆည်းရရှိပြီး အိမ်ရှင်ဖြစ်သူ လော်ထူအားလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.............
တာချီလိတ်၊ ဧပြီ(၁၂)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဦးလော်ထူ၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဧပြီလ (၁၂)ရက် နံနက်ပိုင်းက ဝင်ရောက်ရှာဖွေရာ ကျပ်သိန်းပေါင်း (၈၀)ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဧပြီလ ၁၂ ရက် နံနက်(၈)နာရီ အချိန်က ဝင်ရောက်ရှာဖွခြေင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ရှာဖွေင်္ရာံပ စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြားပေါင်း (၃ယ၁၆၀)ပြားနှင့် မက်သာအက်ဖီတမင်း(အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (ဝ.၁)ဂရမ်ခန့်၊ ဘိန်းစိမ်းအညိုရောင်အစေး အလေးချိန် (၁၂၆.၃၃)ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ပြောင်းရှည်(၁)ခု၊ စတီးဗန်း(၁)ခု၊ မီးစာခွက်(၁)ခု၊ မီးစာခွက်အဖုံး(၁)ခု၊ ဘိန်းခြစ်တံ (၁)ချောင်း၊ ဂက်စ်မီးခြစ်(၁)လုံးတို့အား သိမ်းဆည်းရရှိပြီး အိမ်ရှင်ဖြစ်သူ လော်ထူအားလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ လော်ထူ ( ၄၉) နှစ်အား တာချီလိတ် မြို့မရဲစခန်းတွင် ဧပြီလ (၁၂)ရက်နေ့မှာပင် မယ(ပ)၂၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။