တာခ်ီလိတ္၊ ဧၿပီလ (၂၇) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွတင္သြင္းသည့္ ေလာင္စာဓာတ္ဆီ ေစ်းႏႈန္း ဧၿပီ လအတြင္း အနည္းငယ္ ျမင့္တက္လာေၾကာင္း ဆီပန္႔လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
“ဆီေစ်းက သႀကၤန္မတိုင္ခင္ထဲက တက္တာ။ ဘတ္ျပား (၆၀)၊ ျပား(၈၀) ေလာက္တက္လာတယ္။ အဓိက က သူတို႔ဘက္မွာတက္ရင္ ဒီဘက္မွာလည္း တက္ရတယ္။ သူတို႔ဘက္က်ရင္ ကိုယ့္ဘက္လည္း က်ရတယ္။ အခုဆို ဒီဇယ္က လိုသေလာက္၀ယ္လို႔ရေသးတယ္။ ဓာတ္ဆီက သူတို႔ဘက္မွာ ျပတ္ေနတယ္။ ကား(၅)စီး မွာတယ္ဆို အခု (၃)စီးေလာက္ပဲ ရေတာ့တယ္။”ဟု ေတာ္ဝင္ဆီပန္႔မွ မစႏၵာက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လအတြင္း ဒီဇယ္ တစ္လီတာလွ်င္ (၁၈)ဘတ္ ၊ ဓာတ္ဆီအျပာ(၉၅) တစ္လီတာလွ်င္ (၂၁)ဘတ္ ႏွင့္ ဓာတ္ဆီအ၀ါ (၉၁) တစ္လီတာလွ်င္ (၂၀)ဘတ္ ျဖစ္ခဲ့ၿပီး၊ ဧၿပီ လတြင္ ဒီဇယ္ တစ္လီတာ (၁၉.၅၀)ဘတ္ ၊ ဓာတ္ဆီအျပာ(၉၅) တစ္လီတာ (၂၂)ဘတ္ ႏွင့္ ဓာတ္ဆီအ၀ါ(၉၁) တစ္လီတာ (၂၁)ဘတ္အထိ ေစ်းတက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
“ခုေလာေလာဆယ္ေတာ့ ဆီေစ်းက မတက္မက်ျဖစ္ေနတယ္။ ခုသႀကၤန္ၿပီးေတာ့ နည္းနည္း တက္လာတယ္။ ေနာက္ၿပီး ဆီေစ်းက ထပ္တက္ဖို႔ရွိႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ထိုင္းဘက္မွာလည္း ဆီေစ်းက တက္ေနတယ္။ ေနာက္ၿပီး ဆီကုန္သြယ္မႈကို အထူးကုန္စည္ခြန္ထဲ ထည့္ေဆာင္ရေတာ့ ေစ်းႏႈန္းက ထပ္တက္လာဦးမွာပါ။” ဟု တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕၌ သႀကၤန္ကာလက ေလာင္စာဆီတင္သြင္းမႈကို ေခတၱနားထားၿပီး သႀကၤန္ကာလၿပီးေနာက္ ေလာင္စာဆီျပန္လည္ တင္သြင္းလွ်က္ရွိေသာ္လည္း၊ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ဓာတ္ဆီ ျပတ္ေနသျဖင့္ လိုအပ္သေလာက္ တင္သြင္း၍ မရျခင္းျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္အတြင္း စက္သံုးဆီေစ်းႏွဳန္းကို ႏွစ္ပတ္ တစ္ႀကိမ္ ဆီပန္႔လုပ္ငန္းရွင္မ်ား အစည္းအေ၀းထိုင္ကာ ေစ်းႏႈန္းအတက္အက်ေပၚမူတည္၍ ေျပာင္းလဲ သတ္မွတ္လွ်က္ရွိေၾကာင္း သိရသည္။
သတင္း။ ။ ေဇာင္းညီ
..............
တာချီလိတ်၊ ဧပြီလ (၂၇) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှတင်သွင်းသည့် လောင်စာဓာတ်ဆီ ဈေးနှုန်း ဧပြီ လအတွင်း အနည်းငယ် မြင့်တက်လာကြောင်း ဆီပန့်လုပ်ငန်းရှင်များထံမှ သိရသည်။
“ဆီဈေးက သင်္ကြန်မတိုင်ခင်ထဲက တက်တာ။ ဘတ်ပြား (၆၀)၊ ပြား(၈၀) လောက်တက်လာတယ်။ အဓိက က သူတို့ဘက်မှာတက်ရင် ဒီဘက်မှာလည်း တက်ရတယ်။ သူတို့ဘက်ကျရင် ကိုယ့်ဘက်လည်း ကျရတယ်။ အခုဆို ဒီဇယ်က လိုသလောက်ဝယ်လို့ရသေးတယ်။ ဓာတ်ဆီက သူတို့ဘက်မှာ ပြတ်နေတယ်။ ကား(၅)စီး မှာတယ်ဆို အခု (၃)စီးလောက်ပဲ ရတော့တယ်။”ဟု တော်ဝင်ဆီပန့်မှ မစန္ဒါက ပြောသည်။
တာချီလိတ်မြို့တွင် မတ်လအတွင်း ဒီဇယ် တစ်လီတာလျှင် (၁၈)ဘတ်၊ ဓာတ်ဆီအပြာ(၉၅) တစ်လီတာလျှင် (၂၁)ဘတ် နှင့် ဓာတ်ဆီအဝါ (၉၁) တစ်လီတာလျှင် (၂၀)ဘတ် ဖြစ်ခဲ့ပြီး၊ ဧပြီ လတွင် ဒီဇယ် တစ်လီတာ (၁၉.၅၀)ဘတ်၊ ဓာတ်ဆီအပြာ(၉၅) တစ်လီတာ (၂၂)ဘတ် နှင့် ဓာတ်ဆီအဝါ(၉၁) တစ်လီတာ (၂၁)ဘတ်အထိ ဈေးတက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ခုလောလောဆယ်တော့ ဆီဈေးက မတက်မကျဖြစ်နေတယ်။ ခုသင်္ကြန်ပြီးတော့ နည်းနည်း တက်လာတယ်။ နောက်ပြီး ဆီဈေးက ထပ်တက်ဖို့ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ထိုင်းဘက်မှာလည်း ဆီဈေးက တက်နေတယ်။ နောက်ပြီး ဆီကုန်သွယ်မှုကို အထူးကုန်စည်ခွန်ထဲ ထည့်ဆောင်ရတော့ ဈေးနှုန်းက ထပ်တက်လာဦးမှာပါ။” ဟု တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။
တာချီလိတ်မြို့၌ သင်္ကြန်ကာလက လောင်စာဆီတင်သွင်းမှုကို ခေတ္တနားထားပြီး သင်္ကြန်ကာလပြီးနောက် လောင်စာဆီပြန်လည် တင်သွင်းလျှက်ရှိသော်လည်း၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဓာတ်ဆီ ပြတ်နေသဖြင့် လိုအပ်သလောက် တင်သွင်း၍ မရခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်အတွင်း စက်သုံးဆီဈေးနှုန်းကို နှစ်ပတ် တစ်ကြိမ် ဆီပန့်လုပ်ငန်းရှင်များ အစည်းအေဝးထိုင်ကာ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြောင်းလဲ သတ်မှတ်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ဇောင်းညီ