ပုဂၢလိက ကိုယ္ပိုင္ေက်ာင္းမ်ားအတြက္ သင္ရိုးညႊန္းတမ္း ပံုႏွိပ္စာအုပ္မ်ား မရ၍ အခက္ေတြ႕

ပုဂၢလိက ကိုယ္ပိုင္ေက်ာင္းမ်ားအတြက္ သင္ရိုးညႊန္းတမ္း ပံုႏွိပ္စာအုပ္မ်ား မရ၍ အခက္ေတြ႕
ဇွန် 7, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဇြန္ လ(၇)ရက္
ျပင္ပပုဂၢလိက ကိုယ္ပိုင္ေက်ာင္းမ်ားအတြက္ ၂၀၁၆ -၂၀၁၇ ပညာသင္ႏွစ္တြင္ သင္ရိုးညႊန္းတမ္း ပံုႏိွပ္စာအုပ္မ်ားထုတ္ေပးရန္ အစီအစဥ္ ပါ၀င္ခဲ့ျခင္း မရွိခဲ့သျဖင့္ ပုဂၢလိကေက်ာင္းမ်ားအတြက္ အခက္ေတြ႕ေနေၾကာင္း သိရသည္။
"မႏွစ္ကေတာ့ ရတယ္။ ဒီႏွစ္ေတာ့မရဘူး။ ဘာေၾကာင့္ က်န္ခဲ့တာလဲမသိဘူး။ ဒါအစိုးရမွာ လိုအပ္ခ်က္ရွိတာပဲ။ ကေလးေတြ တစ္အုပ္မွ မရရင္ အျပင္မွာ အစိုးရေစ်းႏွဳန္းနဲ႔ ၀ယ္လို႔ရမယ့္ ဆိုင္ေလးေတာ့ ဖြင့္ထားေပးသင့္တယ္။ အခုေတာ့ ကိုယ္ပိုင္ေက်ာင္းေတြကို မထုတ္ေပးဘူးဆိုေတာ့ ကေလးေတြကို ခြဲျခားတာနဲ႔တူတယ္။ အခု ကၽြန္ေတာ့္ေက်ာင္းမွာ ေက်ာင္းသား (၃၇၀)ေက်ာ္ ရွိတာ အားလံုးကို ျပင္ပက ၀ယ္ေပးရမယ္ဆိုရင္ အျပည္အစံု မရမွာလည္း စိုးရိမ္ရတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က ေျပာသည္။
ယခင္ပညာသင္ႏွစ္မ်ားတြင္ သင္ရိုးညႊန္တမ္းစာအုပ္မ်ားအား မူလတန္းမွစတင္၍ အထက္တန္းအထိ သက္ဆိုင္ရာ ပညာေရးမွဴးရံုးမ်ားတြင္ ေက်ာင္းသားဦးေရအလိုက္ အခမဲ့ထုတ္ေပးခဲ့ၿပီး၊ စာအုပ္စာတမ္း သယ္ယူခအား သက္ဆိုင္ရာေက်ာင္းမ်ားရွိေက်ာင္းရန္ပံုေငြမ်ားထဲမွ ျပန္လည္ေပးအပ္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
"ဘယ္လိုျဖစ္တာလဲေတာ့မသိဘူး။ အခုကၽြန္ေတာ္ ေတာင္ႀကီးက ပံုႏွိပ္စာအုပ္အေရာင္းဆိုင္ကိုေမးၾကည့္ေတာ့ သူတို႔ ထုတ္မေပးခဲ့ရဘူးလို႔ ေျပာတယ္။ ဒီႏွစ္အတြက္ အစီအစဥ္ မရွိခဲ့ဘူးနဲ႔တူပါတယ္။ တစ္ခုခု လႊဲေခ်ာ္ခဲ့ဟန္ပဲဗ်"ဟု ရွမ္းျပည္နယ္ ပညာေရးမွဴးရံုးမွ ညႊန္ၾကားေရးမွဴး ဦးျမင့္ေအာင္က ေျပာသည္။
ယခုပညာသင္ႏွစ္တြင္ သင္ရိုးညႊန္းတမ္းစာအုပ္မ်ားအား အစိုးရမွ အခမဲ့ ေပးအပ္ျခင္း မရွိသည့္အတြက္ ပုဂၢလိက ကိုယ္ပိုင္ေက်ာင္းမ်ား အေနျဖင့္ ျပင္ပေစ်းကြက္တြင္ ၀ယ္ယူရမည္ ဆိုပါက ေစ်းႏွဳန္းမ်ား ပိုမိုျမင့္မားလာႏိုင္ေၾကာင္း ႏွင့္ ၀ယ္ယူရရွိရန္ မလြယ္ကူပါကလည္း အခက္အခဲမ်ားစြာ ျဖစ္ေပၚလာႏိုင္ေၾကာင္း သိရသည္။
ပုဂၢလိက ကိုယ္ပိုင္ေက်ာင္းဖြင့္လွစ္ထားမႈ အမ်ားဆံုးၿမိဳ႕မ်ားမွာ မိတၳီလာ၊ ျပင္ဦးလြင္၊ ေတာင္ႀကီး၊ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕မ်ားျဖစ္သည္။
သတင္း။ ။ ‪#‎ကိုဇက္‬
.....................
တာချီလိတ်၊ ဇွန် လ(၇)ရက်
ပြင်ပပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအတွက် ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်များထုတ်ပေးရန် အစီအစဉ် ပါဝင်ခဲ့ခြင်း မရှိခဲ့သဖြင့် ပုဂ္ဂလိကကျောင်းများအတွက် အခက်တွေ့နေကြောင်း သိရသည်။
"မနှစ်ကတော့ ရတယ်။ ဒီနှစ်တော့မရဘူး။ ဘာကြောင့် ကျန်ခဲ့တာလဲမသိဘူး။ ဒါအစိုးရမှာ လိုအပ်ချက်ရှိတာပဲ။ ကလေးတွေ တစ်အုပ်မှ မရရင် အပြင်မှာ အစိုးရဈေးနှုန်းနဲ့ ဝယ်လို့ရမယ့် ဆိုင်လေးတော့ ဖွင့်ထားပေးသင့်တယ်။ အခုတော့ ကိုယ်ပိုင်ကျောင်းတွေကို မထုတ်ပေးဘူးဆိုတော့ ကလေးတွေကို ခွဲခြားတာနဲ့တူတယ်။ အခု ကျွန်တော့်ကျောင်းမှာ ကျောင်းသား (၃၇၀)ကျော် ရှိတာ အားလုံးကို ပြင်ပက ဝယ်ပေးရမယ်ဆိုရင် အပြည်အစုံ မရမှာလည်း စိုးရိမ်ရတယ်"ဟု တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။
ယခင်ပညာသင်နှစ်များတွင် သင်ရိုးညွှန်တမ်းစာအုပ်များအား မူလတန်းမှစတင်၍ အထက်တန်းအထိ သက်ဆိုင်ရာ ပညာရေးမှူးရုံးများတွင် ကျောင်းသားဦးရေအလိုက် အခမဲ့ထုတ်ပေးခဲ့ပြီး၊ စာအုပ်စာတမ်း သယ်ယူခအား သက်ဆိုင်ရာကျောင်းများရှိကျောင်းရန်ပုံငွေများထဲမှ ပြန်လည်ပေးအပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ဘယ်လိုဖြစ်တာလဲတော့မသိဘူး။ အခုကျွန်တော် တောင်ကြီးက ပုံနှိပ်စာအုပ်အရောင်းဆိုင်ကိုမေးကြည့်တော့ သူတို့ ထုတ်မပေးခဲ့ရဘူးလို့ ပြောတယ်။ ဒီနှစ်အတွက် အစီအစဉ် မရှိခဲ့ဘူးနဲ့တူပါတယ်။ တစ်ခုခု လွှဲချော်ခဲ့ဟန်ပဲဗျ"ဟု ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။
ယခုပညာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များအား အစိုးရမှ အခမဲ့ ပေးအပ်ခြင်း မရှိသည့်အတွက် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ အနဖြေင့် ပြင်ပဈေးကွက်တွင် ဝယ်ယူရမည် ဆိုပါက ဈေးနှုန်းများ ပိုမိုမြင့်မားလာနိုင်ကြောင်း နှင့် ဝယ်ယူရရှိရန် မလွယ်ကူပါကလည်း အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ထားမှု အများဆုံးမြို့များမှာ မိတ္ထီလာ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ရန်ကုန်နှင့် မန္တလေးမြို့များဖြစ်သည်။
သတင်း။ ‪#‎ကိုဇက်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~