တာခ်ီလိတ္ရွိ ၿမိဳ႕မီးလင္းေရးေကာ္မတီမွ မီတာခမ်ား ေကာက္ခံရရွိေသာ ပိုလွ်ံေငြမ်ားထဲက ၿမိဳ႕သာယာ ဖြံ႕ၿဖိဳးေရး အတြက္ ထိုင္းဘတ္ေငြ (၇)သိန္းခြဲ၊ (က်ပ္ သိန္း ၂၂၅ သိန္းခန္႔)တန္ဖိုးရွိ ဓာတ္မီးတိုင္ႀကီးအား ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၁)အနီးရွိ အ၀ိုင္းပတ္ေပၚတြင္ စိုက္ထူလိုက္သည္။
အဆိုပါ Hight Mast အမ်ိဳးအစား ဓာတ္မီးတိုင္ကို ဇူလိုင္လ (၂၅)ရက္ေန႔က ၿမိဳ႕နယ္မီးလင္းေရး ေကာ္မတီမွ ေကာ္မတီ၀င္မ်ားႏွင့္ ဌာနဆိုင္ရာ တာ၀န္ရွိသူမ်ား ၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားျဖင့္ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)အနီးရွိ အ၀ိုင္းပတ္တြင္ စိုက္ထူခဲ့ၾကျခင္း ျဖစ္သည္။
"အဓိက ကေတာ့ ၿမိဳ႕မီးလင္းေရးကေန ေကာက္ခံရရွိတဲ့ မီးတာခ ပိုလွ်ံေငြထဲကေနၿပီး ၿမိဳ႕နယ္ ဖြံ႕ၿဖိဳးသာယာ လွပေရး အတြက္ရယ္၊ ၿမိဳ႕ဖြံ႕ၿဖိဳးတိုးတက္ေရး နဲ႔ တစ္ဖက္ႏိုင္ငံနဲ႔လည္း နီးစပ္ေနတဲ့အတြက္ သင့္တင့္ေလ်ာက္ပတ္တဲ့ ဖြံ႕ၿဖိဳးမႈေတြ ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။ ဒီမီးတိုင္ကို တစ္ဖက္ထိုင္းႏိုင္ငံက မွာယူတဲ့ အခါမွာလည္း အဲ့ဒီဘက္က အစိုးရေတြနဲ႔ ညိႇႏိႈင္းၿပီး ၀ယ္ယူၿပီး စိုက္ထူတာပါ။ ဆိုင္တိုင္းမွာလဲ မေရာင္းဘူး။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးလင္းေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။
ယင္း စိုက္ထူသည့္ ဓာတ္မီးတိုင္သည္ အျမင့္ (၁၆)မီတာ ရွည္လ်ားကာ နီယြန္မီးသီး (၈)လုံးပါရွိမွာျဖစ္ၿပီး၊ အဆိုပါ မီးတိုင္သည္ တစ္လလွ်င္ မီတာခ ဘတ္(၃၀၀၀)ေက်ာ္ခန္႔ ကုန္က်မွာျဖစ္ေၾကာင္း သိရသည္။
"ဒီမီးတိုင္ႀကီး စိုက္ထူလိုက္တဲ့ အတြက္ ဒီအ၀ိုင္းပတ္ေဘးနားမွာထားရွိထားတဲ့ ဆိုလာ မီးတိုင္ေတြကို လူမ်ားသြားလာတဲ့ လမ္းေတြ၊ ပြဲလမ္းသဘင္အျမဲက်င္းပတဲ့ ေနရာေတြျဖစ္တဲ့ ဘုရားေပၚတို႔ ၊ ရွမ္းရိုးမကြင္း တို႔မွာ ျပန္လည္ စိုက္ထူသြားမွာပါ။"ဟု ၿမိဳ႕မိၿမိဳ႕ဖ ဦးၾကည္ျမင့္က ေျပာသည္။
အဆိုပါ Hight Mast အမ်ိဳးအစား ဓာတ္မီးတိုင္သည္ ဘတ္(၇)သိန္းခြဲ (က်ပ္ ၂၂၅ သိန္းခန္႔) ကုန္က်ၿပီး၊ ယင္းကဲ့သို႔ တာခ်ီလိတ္ၿမိဳ႕အ၀င္ အနီးအနားတြင္လည္း စိုက္ထူရန္ရွိသည္ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ထံမွ သိရသည္။
ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ယခုလို တပ္ဆင္အသံုးျပဳသည့္ ကုန္က်ေငြသည္ ေဒသခံျပည္သူမ်ားထံမွ ေကာက္ခံရရွိေသာ မီတာခမ်ားထဲက ထုတ္ႏုတ္ကာ အသံုးျပဳျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - ေဇာင္းညီ
.......................
တာချီလိတ်ရှိ မြို့မီးလင်းရေးကော်မတီမှ မီတာခများ ကောက်ခံရရှိသော ပိုလျှံငွေများထဲက မြို့သာယာ ဖွံ့ဖြိုးရေး အတွက် ထိုင်းဘတ်ငွေ (၇)သိန်းခွဲ၊ (ကျပ် သိန်း ၂၂၅ သိန်းခန့်)တန်ဖိုးရှိ ဓာတ်မီးတိုင်ကြီးအား မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)အနီးရှိ အဝိုင်းပတ်ပေါ်တွင် စိုက်ထူလိုက်သည်။
အဆိုပါ Hight Mast အမျိုးအစား ဓာတ်မီးတိုင်ကို ဇူလိုင်လ (၂၅)ရက်နေ့က မြို့နယ်မီးလင်းရေး ကော်မတီမှ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများဖြင့် ချစ်ကြည်ရေးတံတား အမှတ်(၁)အနီးရှိ အဝိုင်းပတ်တွင် စိုက်ထူခဲ့ကြခြင်း ဖြစ်သည်။
"အဓိက ကတော့ မြို့မီးလင်းရေးကနေ ကောက်ခံရရှိတဲ့ မီးတာခ ပိုလျှံငွေထဲကနပြေီး မြို့နယ် ဖွံ့ဖြိုးသာယာ လှပရေး အတွက်ရယ်၊ မြို့ဖွံ့ဖြိုးတိုးတက်ရေး နဲ့ တစ်ဖက်နိုင်ငံနဲ့လည်း နီးစပ်နေတဲ့အတွက် သင့်တင့်လျောက်ပတ်တဲ့ ဖွံ့ဖြိုးမှုတွေ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီမီးတိုင်ကို တစ်ဖက်ထိုင်းနိုင်ငံက မှာယူတဲ့ အခါမှာလည်း အဲ့ဒီဘက်က အစိုးရတွေနဲ့ ညှိနှိုင်းပြီး ဝယ်ယူပြီး စိုက်ထူတာပါ။ ဆိုင်တိုင်းမှာလဲ မရောင်းဘူး။"ဟု တာချီလိတ်မြို့နယ်မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
ယင်း စိုက်ထူသည့် ဓာတ်မီးတိုင်သည် အမြင့် (၁၆)မီတာ ရှည်လျားကာ နီယွန်မီးသီး (၈)လုံးပါရှိမှာဖြစ်ပြီး၊ အဆိုပါ မီးတိုင်သည် တစ်လလျှင် မီတာခ ဘတ်(၃၀၀၀)ကျော်ခန့် ကုန်ကျမှာဖြစ်ကြောင်း သိရသည်။
"ဒီမီးတိုင်ကြီး စိုက်ထူလိုက်တဲ့ အတွက် ဒီအဝိုင်းပတ်ဘေးနားမှာထားရှိထားတဲ့ ဆိုလာ မီးတိုင်တွေကို လူများသွားလာတဲ့ လမ်းတွေ၊ ပွဲလမ်းသဘင်အမြဲကျင်းပတဲ့ နေရာတွဖြေစ်တဲ့ ဘုရားပေါ်တို့၊ ရှမ်းရိုးမကွင်း တို့မှာ ပြန်လည် စိုက်ထူသွားမှာပါ။"ဟု မြို့မိမြို့ဖ ဦးကြည်မြင့်က ပြောသည်။
အဆိုပါ Hight Mast အမျိုးအစား ဓာတ်မီးတိုင်သည် ဘတ်(၇)သိန်းခွဲ (ကျပ် ၂၂၅ သိန်းခန့်) ကုန်ကျပြီး၊ ယင်းကဲ့သို့ တာချီလိတ်မြို့အဝင် အနီးအနားတွင်လည်း စိုက်ထူရန်ရှိသည်ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
မြို့မီးလင်းရေးကော်မတီမှ ယခုလို တပ်ဆင်အသုံးပြုသည့် ကုန်ကျငွေသည် ဒေသခံပြည်သူများထံမှ ကောက်ခံရရှိသော မီတာခများထဲက ထုတ်နုတ်ကာ အသုံးပြုခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ