ဘေ

ဘေ
စက်တင်ဘာ 12, 2016
By Tachileik News Agency

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌  စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လယ်(၁)နာရီတွင် အသက်(၁၆)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပညာရေးနယ်မြေ(၉) အသင်းနှင့် ပညာရေးနယ်မြေ(၄) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ပညာရေးနယ်မြေ(၉) အသင်းမှ ဗိုလ်ဆွဲခဲ့ကာ ပထမဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ပထမဆုအဖြစ် ပညာရေးနယ်မြေ(၉)အသင်းမှ ငွေသားဆုနှင့် ဒိုင်းဆုရရှိကာ ဒုတိယဆုအဖြစ် ပညာရေးနယ်မြေ(၄)မှ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုရရှိပြီး တတိယဆုအား ပညာရေးနယ်မြေ ၂(ခ)မှ ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုတို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားသို့ တောင်ကြီးမြို့ပေါ်ရှိ ကျောင်းများမှ ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူ (၂၀၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~