ေတာင္ႀကီးၿမိဳ႕နယ္ ရပ္/ေက်းုအုပ္ခ်ဳပ္ေရးမွဴး႐ုံးမ်ားတြင္ ခ်ိတ္ဆြဲရန္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ဓာတ္ပုံအတြက္ ဝန္ထမ္းမ်ားထံမွ လစာျဖတ္ေတာက္ျခင္းမရိွဘဲ ရံုးအသံုးစရိတ္ျဖင့္သာ သံုးစြဲျခင္း ျဖစ္ေၾကာင္းႏွင့္ အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ စက္တင္ဘာလ(၁၅)ရက္ေန႔တြင္ အစည္းေ၀းျပဳလုပ္၍ ရွင္းလင္းမည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးမွ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလုိက္သည္။
ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု(၇၅)ခုမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး(၇၅)ဦးထံမွ ၾသဂုတ္လအတြင္း တစ္ဦးလွ်င္ က်ပ္(၁)ေသာင္းခြဲႏွဳန္းျဖင့္ စုစုေပါင္း (၁,၁၂၅,၀၀၀)က်ပ္ ျဖတ္ေတာက္ ထားျခင္းႏွင့္ ပတ္သက္၍ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးက ယင္းကဲ့သို႔ ေျဖရွင္းလုိက္ျခင္းျဖစ္သည္။
“ဒီလို ေငြေၾကးျဖတ္ေတာက္ခဲ့တာ ဟုတ္မွန္ပါတယ္။ သူတို႔လစာေငြထဲက ျဖတ္ေတာက္တာေတာ့ မဟုတ္ဘူး။ ရံုးအသံုးစရိတ္ထဲကေန က်ပ္တစ္ေသာင္းခြဲကို ျဖတ္ေတာက္တာပါ။ နိင္ငံေတာ္ခ်ီးျမႇင့္ေငြက (၇၀,၀၀၀)က်ပ္ပါ။ ရံုးအသံုးစရိတ္က (၅၀,၀၀၀) က်ပ္ပါ။ အဲဒီရံုးအသံုးစရိတ္ထဲကေန ျဖတ္ရျခင္း ျဖစ္ပါတယ္။ ဒီဓာတ္ပံု ေတြကလည္း ကိုယ့္ရံုးမွာခ်ိတ္ဖို႔အတြက္ပါ။” ဟု ေတာင္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္စိုးက ေျပာသည္။
ေငြေၾကးျဖတ္ေတာက္ျခင္းမ်ားႏွင့္ ပတ္သက္၍ စက္တင္ဘာလ(၁၅)ရက္ေန႔တြင္ သက္ဆိုင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ား အားလံုးႏွင့္ အစည္းအေ၀းျပဳလုပ္ၿပီး ရွင္းလင္းမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
"ရပ္ကြက္ရံုးေတြမွာ သတ္မွတ္ေပးထားတဲ့ ဓာတ္ပံုေတြကို ခ်ိတ္ရမယ္ဆိုၿပီး လစာထဲကေန က်ပ္တစ္ေသာင္းခြဲကို ေထြ/အုပ္စာေရးမကေန ျဖတ္ထားတယ္။ ဓာတ္ပံုတစ္ပံု က်ပ္တစ္ေသာင္းခြဲေတာင္ ကုန္တာ မဟုတ္ပါဘူး။ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ၀ယ္ခ်ိတ္ေပးမယ္ေျပာတာကိုလည္း လက္မခံပါဘူး"ဟု ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ အမည္မေဖၚလိုသည့္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးတစ္ဦးက ေျပာသည္။
ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးရံုး ၏ ၾသဂုတ္လ ရံုးအသံုးစရိတ္အတြင္းမွ က်ပ္တစ္ေသာင္းခြဲစီ ျဖတ္ေတာက္ခဲ့ျခင္း ျဖစ္ၿပီး ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားက ၎တို႔၏လစာေငြမ်ားမွ ျဖတ္ေတာက္ခံရသည္ဟု ေျပာၾကားေနျခင္းျဖစ္သည္။
သတင္း - ႏိုႏို
တောင်ကြီးမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၅)ခုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး(၇၅)ဦးထံမှ သြဂုတ်လအတွင်း တစ်ဦးလျှင် ကျပ်(၁)သောင်းခွဲနှုန်းဖြင့် စုစုပေါင်း (၁,၁၂၅,ဝဝဝ)ကျပ် ဖြတ်တောက် ထားခြင်းနှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ယင်းကဲ့သို့ ဖြေရှင်းလိုက်ခြင်းဖြစ်သည်။
“ဒီလို ငွေကြေးဖြတ်တောက်ခဲ့တာ ဟုတ်မှန်ပါတယ်။ သူတို့လစာငွေထဲက ဖြတ်တောက်တာတော့ မဟုတ်ဘူး။ ရုံးအသုံးစရိတ်ထဲကနေ ကျပ်တစ်သောင်းခွဲကို ဖြတ်တောက်တာပါ။ နိင်ငံတော်ချီးမြှင့်ငွေက (၇၀,ဝဝဝ)ကျပ်ပါ။ ရုံးအသုံးစရိတ်က (၅၀,ဝဝဝ) ကျပ်ပါ။ အဲဒီရုံးအသုံးစရိတ်ထဲကနေ ဖြတ်ရခြင်း ဖြစ်ပါတယ်။ ဒီဓာတ်ပုံ တွေကလည်း ကိုယ့်ရုံးမှာချိတ်ဖို့အတွက်ပါ။” ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ပြောသည်။
ငွေကြေးဖြတ်တောက်ခြင်းများနှင့် ပတ်သက်၍ စက်တင်ဘာလ(၁၅)ရက်နေ့တွင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အားလုံးနှင့် အစည်းအေဝးပြုလုပ်ပြီး ရှင်းလင်းမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
"ရပ်ကွက်ရုံးတွေမှာ သတ်မှတ်ပေးထားတဲ့ ဓာတ်ပုံတွေကို ချိတ်ရမယ်ဆိုပြီး လစာထဲကနေ ကျပ်တစ်သောင်းခွဲကို ထွေ/အုပ်စာရေးမကနေ ဖြတ်ထားတယ်။ ဓာတ်ပုံတစ်ပုံ ကျပ်တစ်သောင်းခွဲတောင် ကုန်တာ မဟုတ်ပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ချိတ်ပေးမယ်ပြောတာကိုလည်း လက်မခံပါဘူး"ဟု တောင်ကြီးမြို့နယ်အတွင်းရှိ အမည်မဖော်လိုသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံး၏ သြဂုတ်လ ရုံးအသုံးစရိတ်အတွင်းမှ ကျပ်တစ်သောင်းခွဲစီ ဖြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက၎င်းတို့၏လစာငွေများမှ ဖြတ်တောက်ခံရသည်ဟု ပြောကြားနခြေင်းဖြစ်သည်။
သတင်း - နိုနို