ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း၏ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအား ေအာက္တုိဘာလ အတြင္း၌ ျပန္လည္ျပင္ဆင္ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
"အဓိကေတာ့ သတၱဳအသင္းေကာ္မတီကို အသစ္ျပန္လည္ေရြးခ်ယ္ၿပီးဖြဲ႕စည္းဖို႔ပါ။ ရွမ္း/အေရွ႕သတၱဳအသင္းမွာပါတဲ့ သတၱဳကုမၸဏီ(၉၉)ခုကို ေကာ္မတီေလွ်ာက္လႊာေဖာင္ေတြပို႔ထားၿပီးၿပီ။ ေနာက္လထဲမွာ ျပန္လည္အေရြးခ်ယ္ခံခ်င္တဲ့ ပုဂၢိဳလ္ေတြရဲ႕ ကိုယ္ေရးအက်ဥ္းေတြ တက္လာရင္ ရွမ္းျပည္နယ္အစိုးရကို တင္ျပၿပီး ေရြးေကာက္ပြဲေကာ္မရွင္ဖြဲ႕ၿပီး မဲေပးစနစ္နဲ႔ ဗဟိုအလုပ္မႈေဆာင္ ေကာ္မတီကို ျပန္ၿပီးဖြဲ႕စည္းမွာပါ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္း ဗဟိုအလုပ္အမႈေဆာင္တြင္ ပါ၀င္၍ အေရြးခ်ယ္ခံလိုသည့္ သတၱဳလုပ္ငန္းကုမၸဏီမ်ားအေနျဖင့္ အမည္စာရင္းအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းရံုးသို႔ ေပးပို႔ထားႏိုင္ၿပီး၊ အမ်ားဆႏၵသေဘာျဖင့္ မဲေပးေရြးခ်ယ္ကာ ေကာ္မတီကုိ ျပန္လည္ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္သတၱဳလုပ္ငန္းရွင္မ်ားအသင္းကုိ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လ(၅)ရက္ေန႔က က်ိဳင္းတံုၿမိဳ႕၌ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး၊ ၂၀၁၃ ခုႏွစ္ စက္တင္ဘာလ(၂၈)ရက္ေန႔တြင္ ေကာ္မတီဝင္ (၇)ဦးပါဝင္သည့္ အသင္းအား တရား၀င္မွတ္ပံုတင္ခဲ့ျခင္းျဖစ္သည္။
လက္ရိွတြင္ အသင္း၀င္သတၱဳကုမၸဏီ(၉၉)ခုျဖင့္ ပါ၀င္ ဖြဲ႕စည္းထားေၾကာင္း သိရသည္။
သတင္း - ကိုဇက္
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအား အောက်တိုဘာလ အတွင်း၌ ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
"အဓိကတော့ သတ္တုအသင်းကော်မတီကို အသစ်ပြန်လည်ရွေးချယ်ပြီးဖွဲ့စည်းဖို့ပါ။ ရှမ်း/အရှေ့သတ္တုအသင်းမှာပါတဲ့ သတ္တုကုမ္ပဏီ(၉၉)ခုကို ကော်မတီလျှောက်လွှာဖောင်တွေပို့ထားပြီးပြီ။ နောက်လထဲမှာ ပြန်လည်အရွေးချယ်ခံချင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းတွေ တက်လာရင် ရှမ်းပြည်နယ်အစိုးရကို တင်ပြပြီး ရွေးကောက်ပွဲကော်မရှင်ဖွဲ့ပြီး မဲပေးစနစ်နဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီကို ပြန်ပြီးဖွဲ့စည်းမှာပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်တွင် ပါဝင်၍ အရွေးချယ်ခံလိုသည့် သတ္တုလုပ်ငန်းကုမ္ပဏီများအနဖြေင့် အမည်စာရင်းအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းရုံးသို့ ပေးပို့ထားနိုင်ပြီး၊ အများဆန္ဒသဘောဖြင့် မဲပေးရွေးချယ်ကာ ကော်မတီကို ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်သတ္တုလုပ်ငန်းရှင်များအသင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လ(၅)ရက်နေ့က ကျိုင်းတုံမြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့တွင် ကော်မတီဝင် (၇)ဦးပါဝင်သည့် အသင်းအား တရားဝင်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အသင်းဝင်သတ္တုကုမ္ပဏီ(၉၉)ခုဖြင့် ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။
သတင်း - ကိုဇက်