သြစတေးလျနိုင်ငံ ကွင်းစလန်ရဲတပ်ဖွဲ့အနေနဲ့ လူတစ်ယောက်ရဲ့ စအိုထဲမှာ (၂၀)စင်တီမီတာလောက် ရှည်တဲ့ ရိုင်ဖယ်သေနတ်ရဲ့ မောင်းတံတစ်ခုကို ထည့်သွင်းယူလာမယ်လို့ ဘယ်မှ မျှော်လင့်ထားကြမှာ မဟုတ်ပေမဲ့ အသက်(၂၁)နှစ်အရွယ် လူငယ်တစ်ဦးက သိုဝှက်ပြီး သယ်ဆောင်လာခဲ့ပါတယ်။
Ref; dailymail
အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ဖွက်ပြီးသယ်ဆောင်လာတဲ့ သေနတ်မောင်းတံကို ရှာတွေ့လိုက်တာကြောင့် ရဲတပ်ဖွဲ့က အံ့အားသင့်သွားခဲ့တာပါ။
သေနတ်မောင်း ခလုတ်ကို မသင့်တော်တဲ့နေရာမှာ ထည့်သွင်းလာတာကြောင့် ရဲတပ်ဖွဲ့ အနေနဲ့ ထုတ်ယူနိုင်ဖို့ကို မိနစ် (၂၀)လောက် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သူ့ကို သက်ဆိုင်ရာက အရေးယူထားပါတယ်။ တကယ်တော့ ၂၀ စင်တီမီတာဆိုတာ ဆယ်ဒေါ်လာတန်တစ်ရွက်ထက်ရှည်တဲ့ အရွယ်အစားပါ။
လက်ရှိမှာတော့ ဒီလူငယ်ကို လက်နက်ဖွက်ပြီး သယ်ဆောင်မှုနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။
ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail