ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမှ တာချီလိတ်သို့ ခရီးသည်များ တင်ဆောင်လာသည့် ရွှေရေကန် ခရီးသည်တင်ယာဉ် တစ်စီးသည် ကျိုင်းတုံ - မိုင်းဖြတ်အကြား ဆိုင်းလေ နှင့် ဆွတ်ပလောင်း အနီးရှိ ချောက်ထဲသို့ ကျမှု ဖြစ်ပွားကြောင်း ကနဦး သတင်းရရှိသည်။
ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ မရှိနိုင်သေးသော်လည်း၊ တာချီလိတ်ခရိုင်အတွင်းရှိ သက်ဆိုင်ရာများမှ ကယ်ဆယ်ရေးအတွက် သွားရောက်နေကြောင်း သိရှိရသည်။